ထိုင်း ကျောင်းသားများအား ဆံပင်ရိတ် အပြစ်ပေးသည့် ဆရာ ဆရာမများကို ပညာရေးဝန်ကြီးဌာနက သတိပေး

ထိုင်း ကျောင်းသားများအား ဆံပင်ရိတ် အပြစ်ပေးသည့် ဆရာ ဆရာမများကို ပညာရေးဝန်ကြီးဌာနက သတိပေး

ဇူလိုင် ၁၁

ထိုင်းနိုင်ငံ၌ ကျောင်းသားများအား အပြစ်ပေးပြီး ဆံပင်ရိတ်ခြင်းအတွက် အင်တာနက်အသုံးပြုသူများကြား ငြင်းခုံမှုများ ဖြစ်ပွားပေါ်ပေါက်ပြီးနောက် ပညာရေးဝန်ကြီးဌာနက ကျောင်းသားများ၏ ဆံပင်ပုံစံနှင့် ပတ်သက်ပြီး ၎င်း ထုတ်ပြန်ထားသော စည်းမျဉ်းသစ်များကို လိုက်နာကြရန် တစ်နိုင်ငံလုံးက စာသင်ကျောင်းများအား ညွှန်ကြားချက် ထုတ်လိုက်သည်။

ဆံပင်ပုံစံကြောင့် အပြစ်ပေးခံရသည့် ကျောင်းသားများ၏ အကြောင်းများနှင့် ဓာတ်ပုံများသည် ဇူလိုင်လအစ စာသင်ကျောင်းနှင့် ကောလိပ်များ ပြန်ဖွင့်ပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဆရာ၊ ဆရာမများက ကျောင်းသားများအား အပြစ်ပေးသည့်အနေဖြင့် ဆံပင်အား တိုကပ်စွာ ညှပ်ပစ်ခြင်းများသည် ကျောင်း၏ စံနှုန်းများနှင့် မကိုက်ညီခြင်းကြောင့် အများဆုံးဖြစ်သည်ဟု အင်တာနက်သုံးစွဲသူအချို့က ဆိုကြသည်။

အများစုကမူ ယင်းသို့ အပြစ်ပေးခြင်းသည် ကျောင်းသားများ၏ ကိုယ်ပိုင်အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ရှုတ်ချသည်။ အခြားသူများကမူ ယင်း လုပ်ရပ်သည် ကျောင်းသားများ၏ ဆံပင်ပုံစံနှင့် ပတ်သက်ပြီး ပို၍ သက်သောင့်သက်သာရှိသော ဝန်ကြီးဌာန၏ စည်းမျဉ်းသစ်များနှင့် ကိုက်ညီခြင်းမရှိဟု၍လည်း ပြောဆိုကြသည်။

ဆံပင်ပုံစံနှင့် ပတ်သက်ပြီး ၁၉၇၅ ခုနှစ်က စည်းကမ်းဟောင်းများကို ပယ်ဖျက်ရန် စာသင်ကျောင်းများကို ပြောထားပြီး ယခုနှစ် မတ်လက ထုတ်ပြန်သော စည်းမျဉ်းသစ်များကို လိုက်နာရန် ညွှန်ကြားထားကြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပရာဆတ်က ပြေသည်။

စာသင်ကျောင်းများအနေဖြင့် ဆံပင်ပုံစံနှင့် ပတ်သက်ပြီး ကိုယ်ပိုင်စည်းကမ်းများကိုလည်း ပြန်လည်သုံးသပ်သင့်သည်ဟု ၎င်းက အကြံပြုပြောဆိုသည်။

ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားများ၏ ဆံပင်ပုံစံအပေါ် အပြစ်မပေးသင့်ကြောင်းပါ ၎င်းက ထပ်လောင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly