ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ကွင်းပိတ်ကစားသွားရမယ်လို့ UEFA ထုတ်ပြန်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ကွင်းပိတ်ကစားသွားရမယ်လို့ UEFA ထုတ်ပြန်

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က "နောက်ထပ် အသိပေးထုတ်ပြန်ချက် မရှိသေးသ၍" ဥရောပပြိုင်ပွဲတွေရဲ့ ပွဲစဉ်အားလုံးမှာ ပရိသတ်တွေ မပါဘဲ ကစားသွားရမယ်လို့ ကြာသပတေးနေ့က အတည်ပြုခဲ့ပြီးနောက် လစ္စဘွန်းမှာ ယှဉ်ပြိုင်သွားမယ့် ယခုရာသီရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ကွင်းပိတ်ကစားသွားရတော့မှာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ကစားဖို့ ကျန်ရှိနေသေးတဲ့ ပွဲစဉ် ၄ ပွဲကို အကျိုးသက်ရောက်မှာဖြစ်သလို ယခုရာသီရဲ့နေသေးတဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေအားလုံးလည်း အကြုံးဝင်ပြီး သြဂုတ်လမှာ စပိန်မှာ ကစားကြမယ့် အမျိုးသမီးချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်အဆင့်လည်း အပါဝင်ဖြစ်ပါတယ်။

"လက်ရှိအခြေအနေအရ UEFA ပွဲစဉ်တွေကို နောက်ထပ်အသိပေးထုတ်ပြန်ခြင်းမရှိသေးသ၍ ကွင်းပိတ် ယှဉ်ပြိုင်ကစားသင့်တယ်လို့ UEFA ရဲ့ အမှုဆောင်ကော်မတီက ကောက်ချက်ချပါတယ်။"လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly