အောင်လအန်ဆန်း COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရ

ဇူလိုင် ၃

MMA ကစားသမား အောင်လအန်ဆန်း COVID-19 ရောဂါပိုးကူးစက်ခံထားရသည်ဟု Aung La N Sang က ၎င်း၏ Facebook page တွင် ယနေ့နံနက်က ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် နေထိုင်နေသော ကချင်လက်ဝှေ့သမား အောင်လအန်ဆန်းသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ရောဂါပိုးရှိမရှိစမ်းသပ်စစ်ဆေးခဲ့ရာမှ ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ ရက်အတွင်း အဖျားအနည်းငယ်၊ အသက်ရှုအနည်းငယ်ကြပ်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းများကလွဲပြီး မိသားစုတစ်စုလုံး ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အိမ်တွင် ၁၄ ရက်သီးသန့်နေထိုင်တော့မည်ဖြစ်ကြောင်းရေးသားထားသည်။

အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက်ခံရသည့် နိုင်ငံဖြစ်ကာ ကူးစက်ခံရသူစုစုပေါင်း ၂သန်း ၈သိန်းကျော်ရှိ၍ သေဆုံးသူ ၁သိန်းကျော်ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly