ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါဖြစ်နိုင်သည့် တုပ်ကွေးပိုးသစ် တရုတ်နိုင်ငံ၌ တွေ့ရှိ

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါဖြစ်နိုင်သည့် တုပ်ကွေးပိုးသစ် တရုတ်နိုင်ငံ၌ တွေ့ရှိ

ဇွန် ၃၀

တရုတ်နိုင်ငံတွင် ကပ်ရောဂါဘေး ဖြစ်လာနိုင်ခြေရှိသော တုပ်ကွေးပိုးသစ်တစ်မျိုးကို သိပ္ပံပညာရှင်များက တွေ့ရှိသည်။

ယင်း ပိုးသည် မကြာသေးမီက ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဝက်များ၌ ပိုးသယ်ဆောင်ထားခြင်းဖြစ်သော်လည်း လူတို့ ကူးစက်နိုင်ကြောင်း ၎င်းတို့က ပြောသည်။

၎င်းပိုးသည် သန္ဓေပြောင်းနိုင်ရာ ယင်းကြောင့် လူမှ လူတို့ အလွယ်တကူ ကူးစက်နိုင်ပြီး ကမ္ဘာ့လုံးဆိုင်ရာ ကူးစက်ဖြစ်ပွားမှု ဖြစ်လာမည်ကို သုတေသနပညာရှင်များက စိုးရိမ်လျက် ရှိသည်။

ယင်းပိုးသည် လက်ငင်းပြဿနာ မဟုတ်သေးသော်လည်း လူတို့ ကူးစက်ရန် သန္ဓေပြောင်းနိုင်မှု မြင့်မားစွာ ရှိနေခြင်းကြောင့် အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည်ဟု ၎င်းတို့က ပြောသည်။

ယင်း တုပ်ကွေးပိုးကို လူတို့၏ ကိုယ်ခံစွမ်းအားက ခုခံနိုင်မှု နည်းခြင်း သို့မဟုတ် မခုခံနိုင်ခြင်းများ ဖြစ်နိုင်သည်။

ဝက်များတွင် ယင်း ပိုးအား ထိန်းချုပ်နေသည့် လုပ်ငန်းစဉ်များနှင့် ဝက်မွေးမြူရေး လုပ်ငန်းများမှ အလုပ်သမားများအား အနီးကပ်စောင့်ကြည့်ခြင်းများကို အလျင်အမြန် ဆောင်ရွက်သင့်သည်ဟု အဆိုပါ သိပ္ပံပညာရှင်များက Proceedings of the National Academy of Sciences ဂျာနယ်တွင် ရေးသားဖော်ပြသည်။

ကမ္ဘာတွင် လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် အဆုံးသတ်ရေးအတွက် လုံးပမ်းနေရစဉ်မှာပင် ယခု တုပ်ကွေးသစ်က ပညာရှင်များ စောင့်ကြည့်ရသော ထိပ်တန်းရောဂါခြိမ်းခြောက်မှုတွင် အပါအဝင် ဖြစ်လာသည်။

တစ်ကမ္ဘာလုံး ရင်ဆိုင်ခဲ့ရသည့် နောက်ဆုံး တုပ်ကွေးကပ်ဘေးသည် မက္ကဆီကိုမှ စတင်သည့် ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေး ကူးစက်ပျံ့နှံ့မှုဖြစ်သည်။ သို့သော် အဆိုပါ တုပ်ကွေးမှာ ထင်ထားသည်ထက် လူသေဆုံးမှု နည်းခဲ့သည်။ ယင်း တုပ်ကွေးရောဂါမှာ ယခင် နှစ်များက ပျံ့နှံဖြစ်ပွားခဲ့သော အခြားသော တုပ်ကွေးနှင့် အလားသဏ္ဍာန်တူခြင်းကြောင့် အသက်ကြီးပိုင်းများသည် ရောဂါကို ခုခံနိုင်စွမ်းရှိရာ ယခုကဲ့သို့ လူသေဆုံးမှု နည်းခဲခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly