ကိုဗစ်ဒုတိယလှိုင်း မြန်မာနိုင်ငံကို ရိုက်ခတ်မှုရှိလာနိုင်သလား

ကိုဗစ်ဒုတိယလှိုင်း မြန်မာနိုင်ငံကို ရိုက်ခတ်မှုရှိလာနိုင်သလား

ဇွန်လ ၂၅ ရက်နေ့မနက်အထိသတင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံထားရသူပေါင်း ကိုးသန်းငါးသိန်းကျော်ရှိနေပြီး သေဆုံးသူ လေးသိန်း  ရှစ်သောင်းကျော်ရှိနေပြီဖြစ်ပါတယ်။

အမေရိကန်၊ ဘရာဇီး၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပွားမှုအများ ဆုံးဖြစ်နေပါတယ်။ နိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်မှာ ရောဂါကူးစက်ခံထားရသူတွေ ထပ်မံတွေ့ရှိလာသလို ရောဂါကင်းစင်ကြောင်း ကြေညာပြီးတဲ့  နယူးဇီလန်နိုင်ငံမှာလည်း ပိုးတွေ့လူနာတွေ ထပ်တိုးလာနေပြီး နိုင်ငံတွင်းဒုတိယလှိုင်းရိုက် ခတ်ခံနေရပါတယ်။

ကမ္ဘာမှာတော့ လက်ရှိရောဂါကူးစက်ဖြစ်ပွားနေမှုအခြေအနေတွေက ဒုတိယလှိုင်းမဟုတ်ဘဲ ရောဂါပထမလှိုင်းသာဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါ့အပြင် COVID-19 ရောဂါဆက်လက်အရှိန်အဟုန်ကောင်းနေဆဲဖြစ်ကြောင်းနဲ့ ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်လာနိုင်တဲ့အကြောင်းကိုလည်း သတိပေးထားပါတယ်။

ဒါ့ကြောင့် ကိုဗစ်ဒုတိယလှိုင်းဆိုတာဘာလဲ၊ ကိုဗစ်ဒုတိယလှိုင်း မြန်မာနိုင်ငံကို ရိုက်ခတ်မှုရှိလာနိုင်သလားဆိုတာကို ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကို Skype ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly