လာမည့်သီတင်းပတ်မှ စ၍ နိုင်ငံခြားဧည့်သည်အချို့အား ဝင်ရောက်ခွင့်ပြုရန် ထိုင်း စီစဉ်

လာမည့်သီတင်းပတ်မှ စ၍ နိုင်ငံခြားဧည့်သည်အချို့အား ဝင်ရောက်ခွင့်ပြုရန် ထိုင်း စီစဉ်

ဇွန် ၂၅

COVID-19 ပျံ့နှံ့မှုကို ဟန့်တားနိုင်ရေးအတွက် ပြဋ္ဌာန်းထားခဲ့သော ကန့်သတ်ချက်များကို ဖြေလျှော့လာခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် လာမည့်သီတင်းပတ်မှစ၍ နိုင်ငံတွင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည်အချို့အား ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေကြောင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဇွန် ၂၄ ရက်တွင် ပြောသည်။

၁၄ ရက်ကြာ နိုင်ငံရောဂါခြေချုပ်ဖြင့် နေထိုင်ရန် မှတ်ပုံတင်ထားပြီးဖြစ်သည့် work permits ဖြင့် လာရောက်သူများ၊ ရင်းနှီးမြုပ်နှံသူများနှင့် စီးပွားရေးအမှုဆောင်များ အပါအဝင် နိုင်ငံခြားသား ပထမအုပ်စုကို ခွင့်ပြုပေးရန် စီစဉ်ထား‌ခြင်း ဖြစ်ကြောင်း အစိုးရ၏ COVID-19 အခြေအနေ စီမံခန့်ခွဲမှု စင်တာမှ ပြောရေးဆိုခွင့်ရှိသူ တာဝီဆင်ဝီဆန်နုယိုသင်းက ပြောသည်။

ယခု နိုင်ငံခြားဧည့်သည်များကို ဝင်ရောက်ခွင့် ပြုမည့် လုပ်ငန်းစဉ်သစ်ကို တနင်္လာနေ့တွင် စည်းဝေးမည့် အစိုးရ လုပ်ငန်းစဉ်အဖွဲ့၏ အတည်ပြုချက်ရရန် တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြီး ကျန်းမာရေးဆိုင်ရာ နိုင်ငံခြားသားဧည့်သည်များကိုလည်း ဝင်ရောက်ခွင့်ပြုသွားမည်ဟု ဖြည့်စွက်ဆိုသည်။

ထိုင်း လေကြောင်းစည်းမျဉ်း ထိန်းသိမ်းသူများက နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ဇွန်လကုန်အထိ ပိတ်ပင်ထားခြင်း ဖြစ်သော်လည်း အချို့သော စီးပွားရေးနှင့် ဆက်စပ်သော ပျံသန်းမှုများကို ဇူလိုင်လတွင် ပြန်လည်စတင်ဖြစ်မည်ဟု ပြောသည်။

“ကမ္ဘာမှာ ရောဂါဘေးက ဖြစ်ပွားနေဆဲမို့ အချိန်တိုအတွင်းမှာတော့ လေကြောင်းခရီးစဉ်တွေ လုံးလုံး ပြန်ဖွင့်ဖြစ်ဖို့တော့ မရှိပါ။ ဒါပေမယ့် ပြည်ပလေကြောင်းခရီးစဉ် အချို့ ပြန်ပြီး ပျံသန်းနိုင်ဖို့အတွက်တော့ စီစဉ်နေပါတယ်။”ဟု တာဝီဆင်က ပြောသည်။

ကာလတို လုပ်ငန်းကိုင်ငန်းအရ ခရီးသွားဧည့်သည်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း၊ ကျန်းမာရေးအာမခံနှင့် ထိုင်းနိုင်ငံအတွင်း ၎င်းတို့ကို ဆေးကျန်းမာရေး ဝန်ထမ်းများက စောင့်ကြည့်ခြင်းကို ခွင့်ပြုခြင်း စသည်တို့ပါသည် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားရန် လိုအပ်မည် ဖြစ်သည်။

သို့သော် ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုများ အကန့်အသတ်ရှိခြင်းကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် ဗိုင်းရပ်စ် ကင်းရှင်းကြောင်း အသိအမှတ်ပြု လက်မှတ်ရရန် ခက်ခဲမှုများ ကြုံရနိုင်သည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားသူ ၃၁၂၇ ဦး ရှိရာတွင် လက်ရှိအထိ ၅၈ ဦး သေဆုံးပြီး ၃၀၂၆ ဦးမှာ ပြန်လည်ကျန်းမာလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly