Augie အမည်ရ ကမ္ဘာ့အသက်အကြီးဆုံး golden retriever ခွေးလေး အသက် ၂၀ ပြည့်မွေးနေ့ပွဲကျင်းပ

Augie အမည်ရ ကမ္ဘာ့အသက်အကြီးဆုံး golden retriever ခွေးလေး အသက် ၂၀ ပြည့်မွေးနေ့ပွဲကျင်းပ

ဇွန် ၂၅

Augie အမည်ရှိ golden retriever ရွှေရောင်အမွှေးထူထူရှိ ခွေးလိမ္မာလေးတစ်ကောင်သည် ယခုအခါ အသက် ၂၀ ပြည့်မွေးနေ့ပွဲကို ဆင်နွှဲခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံးသော golden retriever ခွေးအဖြစ် ရပ်တည်နေကြောင်း သိရသည်။

အဆိုပါ ခွေးအမျိုးအစား၏ ပျမ်းမျှသက်တမ်းသည် ၁၀ နှစ်မှ ၁၂ နှစ်သာ ရှိသော်ငြား Augie သည် လက်ရှိ အသက် ၂၀ ပြည့်သည်အထိ သန်စွမ်းကျန်းမာနေဆဲ ဖြစ်သည်။ Augie သည် အသက် ၂၀ အရွယ်အပိုင်းအခြားကို ရောက်ရှိသည့် ပထမဆုံးသော golden retriever ခွေးဖြစ်နိုင်သည်ဟု ကယ်ဆယ်ရေးစင်တာက ယုံကြည်နေသည်။

အဆိုပါ ချစ်စဖွယ် ခွေးလေး Augie သည် မွေးချင်းများဖြစ်သော Sherman ၊ Belle ၊ Bruce တို့နှင့်အတူ မုန်လာဥဝါ ကိတ်မုန့်ကို  တူးဆွရင်း မွေးနေ့ပွဲကို ဆင်နွှဲခဲ့သည်။

တရားဝင် အမည် August ဖြစ်သည့် ခွေးလေး Augie ကို ၂၀၀၀ ပြည့်နှစ် ဧပြီ ၂၄ ရက်က မွေးဖွားခဲ့ခြင်း ဖြစ်သည်။ Augie သည် အပြစ်တစုံတရာ မလုပ်ဘဲဖြင့် နေရာသစ် နှစ်ခါ ရှာခဲ့ရပြီး ယင်းနောက် တန်နက်ဆီရှိ ပိုင်ရှင်များဖြစ်သော Jennifer နှင့် Steve တို့က ခေါ်ယူမွေးခဲ့သည်။

Jennifer နှင့် Steve တို့က မောင်နှံသည် golden retriever ခွေး ကယ်ဆယ်ရေးအဖွဲ့တစ်ခုကို လုပ်ကိုင်နေသူများဖြစ်ပြီး Augie အသက် ၁၄ နှစ်အရွယ်တွင် စတင်မွေးခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ သက်ကြီးခွေးတစ်ကောင်ကို လူတော်တော်များများက မမွေးချင်ဟု ယုံကြည်ပြီး Augie ကို Jennifer တို့က မွေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၎င်းတို့သည် နိုင်ငံအနှံ့ ခရီးထွက်ခဲ့ကြပြီး လက်ရှိအချိန်တွင် Augie သည် ရေကူးကန်ထဲတွင် ဆော့ကစားရသည်ကို နှစ်သက်ဆဲဖြစ်သည်။

Augie သည် မယုံနိုင်စရာ ကောင်းအောင် ကျန်းမာပြီး ပန်းခြံထဲ နေ့စဉ် လမ်းလျှောက်ရသည်ကို နှစ်သက်ကြောင်း Jennifer က ပြောသည်။ သို့သော် Augie သည် အိပ်ယာထချိန်တွင် အနည်းငယ် ချည့်နဲ့သလို ဖြစ်တတ်ကြောင်း ၎င်းက ပြောသည်။

Augie သည် အသက် ၁၄ နှစ်အရွယ်က ကျောက်ကပ်ဝေဒနာ ခံစားခဲ့ရပြီး ဆေးကုသမှုခံယူခဲ့ရသေးသည်။ သို့သော် ယခုအခါ Augie သည် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ နေ့စဉ်ဘဝကို ကောင်းစွာ ဖြတ်သန်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly