အစိုးရအဖွဲ့အရာရှိများ မြန်မာစီးပွားရေးဦးပိုင်လီမိတက် ဒါရိုက်တာအဖွဲ့တွင်ပါဝင်နေခြင်းအပေါ် သမ္မတရုံးမှစိစစ်ဆဲ

အစိုးရအဖွဲ့အရာရှိများ မြန်မာစီးပွားရေးဦးပိုင်လီမိတက် ဒါရိုက်တာအဖွဲ့တွင်ပါဝင်နေခြင်းအပေါ် သမ္မတရုံးမှစိစစ်ဆဲ
ပုံ - စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း

ဇွန် ၂၄

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကျော်ထင်အနေဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ဒါရိုက်တာအဖွဲ့တွင်ပါဝင်နေခြင်းအပေါ်သမ္မတရုံး ကလက်ရှိမှာ စိစစ်ဆဲဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဆိုသည်။

“ ကျွန်တော်တို့က ဒီလိုဘဲပေးထားရင်းကနေ ဒီ Issue ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဒီလိုမျိုး ဦးပိုင်ကနေပြီးတော့ Board of director အဖြစ်နဲ့စစ်မှုထမ်းဟောင်းကိုယ်စားပြုတောင်းလို့ကျွန်တော်တို့ပေးထားခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိမရှိ ရှေ့နေချုပ်ရုံးကိုသဘောထားမေးခဲ့ပါတယ်။ရှေ့နေချုပ်ရုံးကလည်းစီစစ်ပြီးတော့မှ အကယ်၍ DGသည် နိုင်ငံတော်သမ္မတကနေခန့်ထားခြင်းဖြစ်တဲ့အတွက်ကြောင့် အကြီးအမှူးဖြစ်တဲ့ နိုင်ငံတော် သမ္မတက ကြိုတင်ခွင့်ပြု့ချက်မရဘူးဆိုရင် ဥပဒေနှင့်ညီညွှတ်မည်မဟုတ်ကြောင်းဆိုပြီးသဘောထားပြန်ကြားလာပါတယ်။ပြန်ကြားတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံတော်သမ္မတရုံး ကိုအခြေအနေတင်ပြထား ပါတယ် ”ဟုဒုဝန်ကြီးကဆိုသည်။

အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူဦးကျော်ထင်နှင့်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး  ဦးနီအောင်တို့သည် တပ်မတော်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ်ပါဝင်နေခြင်းဖြစ်သည်။

ဇွန်လ ၂၄ရက်နေ့ကနေပြည်တော်တွင် ပြုလုပ်သည့် အစိုးရ၏ စတုတ္ထတစ်နှစ်တာကာလ ဆောင်ရွက်ခဲ့မှုလုပ်ငန်စဉ်များအား ရှင်းလင်းပြောကြားသည့် သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ သတင်းထောက်တွေရဲ့မေးမြန်းမှုကို အခုလိုဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် ယခင်ကလည်း အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်အဆက်ဆက်ကို စစ်မှုထမ်းဟောင်းဖြစ်ခြင်းကြောင့် ဒါရိုက်တာအဖြစ်ခန့်အပ်မှုတွေရှိခဲ့ကြောင်းနှင့် ခန့်အပ်ပြီးလျှင် အစည်းအဝေး လဲသွားမတက်ရသလို၊ ချီးမြှင့်ငွေခံစားခွင့်ဘာမှမရကြောင်း ဒုဝန်ကြီးမှဖြေကြားခဲ့သည်။

၎င်းက“ဘာလုပ်ရသလဲဆိုရင်တော့ ဘာမှမလုပ်ရဘူး DG အနေနဲ့အစည်းအဝေးလဲသွားမတက်ရဘူး။အလုပ်တွေလည်းဘာမှဝင်မလုပ်ရဘူး။နောက်တစ်ခုက ချီးမြှင့်ငွေ ခံစားခွင့်ဘာမှလဲမရဘူးပေါ့”ဟု ပြောဆိုသည်။

လက်ရှိအခြေအနေမှာ သမ္မတရုံးကို တင်ပြထားပြီး စီစစ်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဒုဝန်ကြီးက သတင်းထောက်တွေ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required