Grade 2 နှင့် 3 အင်္ဂလိပ်စာ သင်ရိုးသစ်အတွက် သင်ထောက်ကူ applicationများကို 360edက ပညာရေးဝန်ကြီးဌာနသို့လှူဒါန်း

Grade 2 နှင့် 3 အင်္ဂလိပ်စာ သင်ရိုးသစ်အတွက် သင်ထောက်ကူ applicationများကို 360edက ပညာရေးဝန်ကြီးဌာနသို့လှူဒါန်း

ဇွန် ၂၃

အခြေခံပညာ Grade 2 နှင့် 3 အင်္ဂလိပ်စာ သင်ရိုးသစ်အတွက် အထောက်အကူပြုစေမည့် သင် ထောက်ကူ  applicationများကို 360edက ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

M Pride Company ၏ ကျပ်သိန်း ၁၃၀၀ကျော်လှူဒါန်းမှုဖြင့် 360ed က 360ed Universe Learning Platform Appကို ရေးဆွဲထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

application download ရရှိပြီးသူတစ်ဦးအနေဖြင့် အင်တာနက်မလိုပဲ Offline ဆက်လက်၍ အသုံး ပြုနိုင်ခြင်း၊ သင်ခန်းစာအသီးသီးမှ audioများကို နားဆင်နိုင်သည့်အတွက် အင်္ဂလိပ်စာ အသံ ထွက်မှန်မှန်ကန်ကန် လွယ်လင့်တကူလေ့လာသင်ယူနိုင်မည်ဖြစ် သည်။ဆရာမွမ်းမံလေ့ကျင့်ရေးအကူ (teacher training tool) အနေဖြင့်လည်း အထောက်အကူပြုပေးနိုင်သည့်အတွက် သင်ခန်းစာအစီအစဉ်များကို ကြိုတင်ပြင်ဆင်ထားနိုင် မည်ဖြစ်သည်။

ထို့ပြင် AR နှင့် 4D ရုပ်လုံးကြွနည်းပညာဖြင့် သင်ကြားပေးသဖြင့် ကျောင်းသား/သူများ၏ အထူးစိတ်ဝင်စားမှုရရှိပြီး အာရုံစူးစိုက်မှုတိုးလာခြင်း၊ Mobile application ဖြင့် အပြန်အလှန် (interactive) သင်ယူနိုင်စေရန်ဖန်တီထားသဖြင့် သင်ခန်းစာများအား ကာလကြာရှည်စွာမှတ်မိစေနိုင်မည်ဖြစ်သည်။ နေရာဒေသအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ အရည်အသွေး ပြည့်မှီသည့် သင်ခန်းစာကို တပြေးညီရရှိခြင်း၊ Formative assessment သဘောတရားပါရှိသည့် ကစားနည်းဆန်သော အကဲဖြတ်မှုစနစ်ကြောင့် ကလေးများ၏ သင်ယူတတ်မြောက်မှုနှင့်တိုးတက်မှုကို ဆရာ/မများနှင့် မိဘများအနေဖြင့် စဉ်ဆက် မပြတ် လွယ်လင့်တကူသိနိုင်ခြင်းတို့ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ 360ed Universe App ကို ဖော်ပြပါလင့်ခ် https://play.google.com/store/apps/details…တွင် ဒေါင်းလုပ်ဒ်ရယူနိုင်ကြောင်း သိရသည်။

အဆိုပါ 360ed Universe learning platform မိတ်ဆက်ပွဲနှင့် MPride ၏ Grade 2၊ Grade 3 အခမဲ့ English apps လှူဒါန်းပွဲ အခမ်းအနားကိုဇွန်လ၂၀ရက်က ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိလူကြီးများ တက် ရောက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly