ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ ရုပ်သံစာချုပ်တန်ဖိုး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လျော့ကျ

ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ ရုပ်သံစာချုပ်တန်ဖိုး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လျော့ကျ
Photos: EPA

ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ ရုပ်သံစာချုပ်တန်ဖိုးဟာ တစ်ရာသီလျှင် ယူရို ၁.၁၆ ဘီလီယံရှိနေရာကနေ ၂၀၂၁ မှ ၂၀၂၅ ကာလအတွင်း ယူရို ၁.၁ ဘီလီယံအထိ အနည်းငယ်ကျဆင်းသွားလိမ့်မယ်လို့ ဂျာမန်ဘောလုံးလိဂ်ရဲ့ အမှုဆောင်ချုပ် ခရစ္စတီယန် ဆီးဖက်က တနင်္လာနေ့က ပြောပါတယ်။

ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ လက်ရှိရုပ်သံစာချုပ်မှာ ၂၀၂၀-၂၁ ရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း ၂၀၂၁-၂၂ ရာသီကနေ ၂၀၂၄-၂၅ ရာသီအထိ စာချုပ်သစ်ကို ယခင်ရုပ်သံကုမ္ပဏီတွေဖြစ်တဲ့ Sky Sports၊ DAZN တို့နဲ့ပဲ ချုပ်ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ၄ နှစ်စာချုပ်အတွက် စုစုပေါင်း ယူရို ၄.၆ ဘီလီယံရရှိခဲ့ပေမယ့် အခုစာချုပ်သစ်အရ စုစုပေါင်း ယူရို ၄.၄ ဘီလီယံသာ ရရှိမှာဖြစ်လို့ ဘွန်ဒစ်လီဂါရဲ့ ရုပ်သံစာချုပ်တန်ဖိုးဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လျော့ကျခဲ့တာဖြစ်ပါတယ်။

ဆီးဖက်က COVID-19 ကပ်ရောဂါနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အားကစားရုပ်သံထုတ်လွှင့်မှုစာချုပ်တန်ဖိုးတွေရဲ့ လမ်းကြောင်းသစ်အဖြစ် သတ်မှတ်နိုင်တယ်လို့ အရိပ်အမြိက်ပြောကြားခဲ့ပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်သာ မရှိခဲ့ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။"လို့ ဆီးဖက်က ပြောပါတယ်။

သူက ဒီစာချုပ်ဟာ ဥရောပရဲ့ အခြားအဓိကဘောလုံးလိဂ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီကမ်းလှမ်းမှုကို ကာကွယ်ခဲ့ပါတယ်။

"တခြားထိပ်သီးလိဂ်တွေနဲ့ နှိုင်းယှဉ်ရင်လည်း ဒါဟာ လုံးဝလက်ခံနိုင်တဲ့ စာချုပ်ဖြစ်တယ်။

"မသေချာမရေရာတဲ့ အချိန်မှာ ဒါဟာ ကျနော်တို့ရဲ့ ထိပ်တန်း လိဂ်နှစ်ခုက ကလပ်အသင်းတွေ တည်ငြိမ်စွာလည်ပတ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။"လို့ သူက ပြောပါတယ်။

"ကလပ်အသင်းတွေအတွက်သာမကဘဲ ကစားသမားတွေ၊ အေးဂျင့်တွေနဲ့ ယန္တရားကြီးတစ်ခုလုံးအတွက်လည်းဖြစ်တယ်။

"ဒါပေမယ့် အနည်းငယ် ပြောင်းလဲမှာက စျေးကွက်တစ်ခုလုံး အနည်းငယ် ကျဆင်းလာပါလိမ့်မယ်။"

စာချုပ်အရ Sky Sports ဟာ တနင်္ဂနွေနေ့ရဲ့ ပွဲစဉ်တွေကို ဆုံးရှုံးခဲ့ပြီး ဒီပွဲစဉ်တွေကို အခုအခါ DAZN က ပြသမှာဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါပြိုင်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားခဲ့ရာကနေ မေလမှာ ပြန်လည်စတင်ခဲ့တဲ့ ပထမဆုံးဥရောပလိဂ်ဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly