ပရီးမီးယားလိဂ်ကစားသမားတစ်ဦး၏ ရင်သွေးကို မွေးဖွားပေးခဲ့ရဟု ပြည့်တန်ဆာတစ်ဦး ဖွင့်ဟ

ပရီးမီးယားလိဂ်ကစားသမားတစ်ဦး၏ ရင်သွေးကို မွေးဖွားပေးခဲ့ရဟု ပြည့်တန်ဆာတစ်ဦး ဖွင့်ဟ

ဇွန် ၂၂

ပြည့်တန်ဆာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည့် အသက် ၂၆ နှစ်အရွယ် ယူကေအမျိုးသမီး ကေတီမော်ဂန် ဆိုသူက သူမသည် ပရီးမီးယားလိဂ် ဘောလုံးသမား စတားတစ်ဦးနှင့် ရသည့် ရင်သွေး သားယောက်ျားလေးကို မွေးဖွားပေးခဲ့ရကြောင်း ဖွင့်ဟထုတ်ဖော်သွားခဲ့သည်။

အဆိုပါ ပရီးမီးယားလိဂ် ကစားသမား၏ အမည်ကို သူမက ထုတ်ဖော်သွားခြင်း မရှိပေ။

အဆိုပါ ဘောလုံးသမားသည် ယမန်နှစ်နွေရာသီက ၎င်း၏ ပါတနာ၏ နောက်ကွယ်တွင် ကေတီမော်ဂန်နှင့် လိင်မှုဆိုင်ရာ ပျော်ပါးမှု သုံးကြိမ်အထိ ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် သူမထံတွင် ကိုယ်ဝန်ရှိနေသည်ကို ကေတီ မော်ဂန်က သိရှိခဲ့သည်။

တစ်ညကို စတာလင်ပေါင် ၁,၅၀၀ ယူသည့် မော်ဂန်သည် ပြီးခဲ့သည့် မတ်လတွင် အဆိုပါ ရင်သွေးလေးကို မွေးဖွားခဲ့ပြီး DNA စစ်ဆေးကြည့်ခဲ့ရာ ကလေး၏ ဖခင်သည် သူမနှင့် ပျော်ပါးခဲ့သည့် ပရီးမီးယားလိဂ် စတား တစ်ဦးဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့သည်။

ယခုအခါ အဆိုပါ ဘောလုံးသမားကိုယ်တိုင်ကလည်း ယခုသတင်းကို ကြားပြီးပြီးချင်း လက်ခံခဲ့ပြီး တာဝန်ယူမည်ဟု ဆိုကြောင်း မော်ဂန်က ပြောသည်။

“ငါ့မှာ ကိုယ်ဝန်ရှိနေတယ်လို့ သူ့ကို ပြောခဲ့ချိန်တုန်းက သူ အတော်လေး တုန်လှုပ်နေခဲ့ပါတယ်၊ ဒီကိုယ်ဝန်ဟာ သူနဲ့ရတဲ့ ရင်သွေးဖြစ်တယ်ဆိုတာကိုတော့ သူယုံမှာ မဟုတ်ပါဘူး” ဟု မော်ဂန်က သူငယ်ချင်းတစ်ဦးကို ပြောခဲ့သည်ဟုလည်း သိရသည်။

“ကြည့်ရတာက ဒီကိစ္စက သူ့အတွက် ရှက်စရာ ကောင်းတယ်လို့ သူထင်နေပုံတော့ ရပါတယ်၊ ဘာလို့ဆိုတော့ သူ့ သူငယ်ချင်း ဘောလုံးသမားတချို့ကလည်း ကျွန်မရဲ့ ဖောက်သည်တွေ ဖြစ်ခဲ့ဖူးလို့ပါ” ဟု မော်ဂန်က ပြောသွားခဲ့သည်။

“ သူတို့ကပဲ ကျွန်မ ဖုန်းနံပါတ်ကို သူ့ကို ပေးခဲ့တာပါ၊ သူလည်းပဲ ကျွန်မနဲ့အကြား ကောင်းမွန်တဲ့အချိန်တစ်ခု ရှိခဲ့ပါတယ်၊ ကျွန်မရဲ့ ၀န်ဆောင်မှုတွေကိုအတွက် ငွေပေးရတာ သူ့အတွက် ဘာပြဿနာမှ မရှိခဲ့ပါဘူး” ဟု မော်ဂန်က ပြောသွားခဲ့သည်။

ကလေးမိခင်ဖြစ်နေပြီဖြစ်သော မော်ဂန်သည် ယခုအခါ အဆိုပါ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်တော့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly