ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော် သဘောထား ဘယ်လိုရှိလဲ

ရခိုင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော် သဘောထား ဘယ်လိုရှိလဲ

မဇ္ဈိမ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)က လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ အတွင်းမှာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးမှာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မီဒီယာ များကို ပြောထားသည်။

သို့သော် အရပ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်လက် နက်ကိုင် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်မည်ကို စိုးရိမ်လျက်ရှိ နေပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှုများလည်း ရှိနေသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထား မည်သို့ရှိမလဲဆိုသည့်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

တည်းဖြတ်/တင်ဆင်- ချစ်မင်းထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly