ကိုဗစ်ပိုးတွေ့သူ ၂၃ ဦးနှင့် ဆက်စပ်တာဝန်ထမ်းဆောင်သူများကို ဓာတ်ခွဲနမူနာယူစစ်ဆေးဖို့ ပြင်နေ

ကိုဗစ်ပိုးတွေ့သူ ၂၃ ဦးနှင့် ဆက်စပ်တာဝန်ထမ်းဆောင်သူများကို ဓာတ်ခွဲနမူနာယူစစ်ဆေးဖို့ ပြင်နေ

အကျဉ်းထောင်တွေမှာ ရောဂါကူးစက်ခဲ့နိုင်ချေများတာကြောင့် သူတို့ကို အခြားပြည်တော်ပြန်တွေနဲ့ တူတူမထားဘဲ သီးခြားထားရှိခဲ့သလို သီးသန့်ကားနဲ့ မြဝတီကနေ ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့နဲ့ ထိတွေ့ခဲ့သူတွေကတော့ မြဝတီဝင်ပေါက်မှာ ကိုယ်ရေးအချက်အလက်ယူခဲ့သူ၊ ဘားအံကို ပို့ဆောင်‌ေပးခဲ့တဲ့ ယာဉ်မောင်း၊ ကွာရန်တင်းစခန်းမှာ တာဝန်ကျတဲ့ဝန်ထမ်းတွေပါဝင်ပြီး အဲ့ဒီသူတွေရဲ့  ဓာတ်ခွဲနမူနာယူစစ်ဆေးဖို့ ပြင်နေတယ်လို့ ကရင်ပြည်နယ် ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာခိုင်စန္ဒာအောင်က မဇ္ဈိမကို ပြောပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required