ဗိုလ်ချုပ်​အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ​ငွေစက္ကူကို အာဇာနည်​နေ့တွင် ထုတ်​ဝေမည်

By နောင်​နောင်
18 June 2020
ဗိုလ်ချုပ်​အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန် ​ငွေစက္ကူကို အာဇာနည်​နေ့တွင် ထုတ်​ဝေမည်

ဗိုလ်ချုပ်​အောင်ဆန်းရုပ်ပုံပါ ငါးရာတန်​ငွေစက္ကူကို လာမည့် ဇူလိုင်လ ၁၉ ရက်​​နေ့တွင် ထုတ်​ဝေသွားမည်ဖြစ်​ကြောင်း ဗဟိုဘဏ်က ဇွန်လ ၁၈ ရက်(ယ​နေ့) ည​နေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်​အောင်ဆန်း ရုပ်ပုံပါ ​ငါးရာတန်​ငွေစက္ကူအရွယ်အစားမှာ အရွယ်အစား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီတာရှိရှိပြီး ​ငွေစက္ကူအ​ပေါ်ဘက်တွင် မြန်မာနိုင်ငံ​တော် ဗဟိုဘဏ်ပါရှိ​မည် ဖြစ်သည်။

အဆိုပါ​ငွေစက္ကူ၏ လုံခြုံ​ရေးကြိုးကို ​ဒေါင်လိုက်မြှပ်နှံထည့်သွင်းထားပြီး ​ဘယ်ညာအစွန်းများတွင် ​ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားသည်။

ယင်းအပြင် လက်ရှိအသုံးပြုလျက်ရှိ​သော ငါးရာတန်​ငွေစက္ကူများသည်လည်း တရားဝင်အဖြစ် ဆက်လက်တည်ရှိ​နေမည်ဖြစ်​ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗိုလ်ချုပ်​အောင်ဆန်းရုပ်ပုံပါ ​ငွေကျပ်တစ်​ထောင်တန်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်​နေ့တွင် စတင်ထုတ်​ဝေခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံဖြင့် ထုတ်ဝေခဲ့​သော ငွေစက္ကူများကို မဆလအစိုးရလက်ထက် ၁၉၈၅ ခုနှစ်တွင်တစ်ကြိမ် ၊ ၁၉၈၇ ခုနှစ်တွင် တစ်ကြိမ် ဖျက်သိမ်းခဲ့သည်။

ယင်းနောက် ခြင်္သေ့ပုံနှင့် ဆင်ပုံပါ​သော ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ်ကျော်အကြာမှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံနှင့် ငွေစက္ကူတစ်ထောင်တန်ကို ပြန်လည်ထုတ်ဝေခဲ့ခြင်းဖြစ်ကာ ငါးရာကျပ်တန် ​ငွေစက္ကူကို ဆက်လက်ထုတ်​ဝေရန် စီစဥ်လာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required