လျှပ်စစ်တာဝါတိုင်အောက်တွင် မြေမြှုပ်မိုင်း နှစ်လုံးတွေ့

လျှပ်စစ်တာဝါတိုင်အောက်တွင် မြေမြှုပ်မိုင်း နှစ်လုံးတွေ့

ဇွန် ၁၇
 
လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာနှင့် ဒေါလိုရှေ့ ကျေးရွာ ကြား အမှတ် ၁၀၈ လျှပ်စစ် တာဝါတိုင် အောက်တွင် မြေမြှုပ် မိုင်းနှစ်လုံးကို ဒေသခံများ ဇွန်လ ၁၀ ရက်နေ့က တွေ့ခဲ့ကြောင်း  နိုးကိုးကျေးရွာ အုပ်ချုပ် ရေးမှူး ဦးရှားရယ်က ပြောသည်။

ယင်း တာဝါတိုင် အနီးအနားတွင် တောင်ယာလုပ်နေသူ တစ်ဦးက တိုက်မိုင်း တစ်လုံး နှင့် နင်းမိုင်း တစ် လုံးတို့ကို တွေ့ရှိခဲ့ပြီး အုပ်ချုပ်ရေမှူးမှ တဆင့် အစိုးရတပ်မတော်ကို အကြောင်းကြားပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

လာရောက် ကြည့်ခဲ့သည့် တပ်မတော်အရာရှိများက မိုင်းများကို မရှင်းလင်းသွားပေမယ့် လျှပ် စစ် တာဝါ တိုင် အနီးအနားကို ဝါးများဖြင့် ကာပေးသွားကြောင်း သိရသည်။
 
မြန်မာနိုင်ငံ မြေမြုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့် ကြည့်လေ့လာ ရေး အဖွဲ့၏ ၂၀၁၇ခုနှစ် အထိရရှိသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် ၅၃၇ဦး သေဆုံး ကာ ၃၅၃၈ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံး-ဒဏ်ရာရမှု အခြေအနေမသိရသူ ၁၁၈ဦးအထိရှိကြောင်း ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly