ချင်းမိုင်ခရိုင်တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းဆီးရမိ

ချင်းမိုင်ခရိုင်တွင် စိတ်ကြွဆေးပြား တစ်သန်းနီးပါး ဖမ်းဆီးရမိ
( ဓာတ်ပုံ-- မန်နေဂျာ အွန်လိုင်း )

ဇွန် ၁၇

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် နယ်စပ်ဒေသ ဖန်မြို့နယ်တွင်  နှစ်ရက်ဆက်တိုက် စိတ်ကြွ ဆေးပြား တစ်သန်းနီးပါးကိုထိုင်းစစ်သားများက ဖမ်းဆီးရမိကြောင်း ယမန်နေ့ထုတ် မန်နေ ဂျာ အွန်လိုင်းအင်တာနက် စာမျက်နှာအရသိရှိရသည်။

ဖန်မြို့နယ်တွင်  ဇွန်လ ၁၄ ရက်နေ့က မက်တာဖီတမင်းဆေးပြား  ၁၉၆၀၀၀နှင့်  ဇွန် ၁၅ ရက်နေ့တွင် မူး ယစ်ဆေးဝါး အလုံး ၈၀၀၀၀၀ တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းဖော် ပြထားသည်။

 မူးယစ်ဆေးဝါး သယ်ဆောင် သူ ရှစ်ဦးတို့က ကားနှစ်စီးဖြင့်သယ်ဆောင်လာသော  ဆေးပြားများကို စစ်ဆေးရေးဂိတ်တွင်ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။ မူးယစ်ဆေးသယ်ဆောင်သူများဟု သံသယရှိသူများတွင် မြန်မာ နိုင်ငံသား ဟု ယူဆရသူ တစ်ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးနှင့် သယ်ဆောင်သူများကို ဖန်မြို့နယ် ရဲစခန်းတွင် စစ် ဆေးမှုများ ပြု လုပ်နေသည်။

 မေလ ၂၉ ရက်နေ့ကလည်းချင်းမိုင်ခရိုင် အတွင်းနယ်စပ်ဒေသများဖြစ်သည့် ဖန်မြို့နယ် နှင့် ဝင်းဟန် ( WiangHaeng ) မြို့နယ်တို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ သတင်းပေးချက်အရ စစ်ဆေးရေး ဂိတ်များချကာ စိတ်ကြွဆေးပြား ၁၇.၇ သန်းတို့ကို ဖမ်းဆီးရမိခဲ့ သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၏ အရှေ့နှင့် အရှေ့တောင်အာရှဒေသ များ ဆိုင်ရာ ယခု နှစ်မေလတွင် ထုတ်ပြန်ထားသည့် အစီအရင်ခံစာ သစ် တွင် ဓာတုဆေးဝါးများဖြင့် ပြု လုပ်ထားသော မူးယစ်ဆေးဝါး ဈေးကွက် ဆယ်စုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာနေသည်ဟု သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly