ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီး

ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီး

ဇွန် ၁၆

တင်းမာမှုများမြင့်တက်နေစဉ်ကာလအတွင်း ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံး အဆောက်အအုံကို မြောက်ကိုရီးယားတို့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားက ပြောသည်။

မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်ရှိ အဆိုပါ ဆက်ဆံရေးရုံး အဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှုသည် ဇွန်လ ၁၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၉ မိနစ်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုးလ်မြို့ရှိ ကိုရီးယားပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဆက်ဆံရေးရုံး အဆောက်အအုံကို ဖြိုချပစ်မည်ဟု အစောပိုင်းကတည်းက မြောက်ကိုရီးယားတို့က ခြိမ်းခြောက်ပြောဆိုထားခဲ့သည်။

နယ်စပ်ကို ဖြတ်ကျော်ပြီး ဝါဒဖြန့် လက်ကမ်းစာစောင်များ ပို့လွှတ်နေသည့် တက်ကြွလှုပ်ရှားသူများ၏ လုပ်ရပ်ကို တားဆီးရန် ဆိုးလ်ဘက်က ပျက်ကွက်မှုအပေါ် ပြုံယမ်းဘက်က ဒေါသတကြီး ပြောဆိုမှုများ တိုးမြှင့်လုပ်ဆောင်နေခဲ့သည်။

မြောက်ကိုရီးယားသည် ယင်း၏ အားမလိုအားမရဖြစ်မှုကို ထုတ်ဖော်နေခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်ဦးဆောင်သော ဆန်ရှင်ပိတ်ဆို့မှုကြောင့် ဆိုးလ်အာဏာပိုင်များအနေဖြင့် ပူးတွဲ စီးပွားရေးပရောဂျက်များ ပြန်စနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ချို့က ပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly