ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈ သန်း ကျော်အထိ ရောက်ရှိ

ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈ သန်း ကျော်အထိ ရောက်ရှိ

ဇွန် ၁၆

ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ဇွန်လ ၁၅ ရက်တွင် ရှစ်သန်းကျော်အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

လက်တင်အမေရိကနှင့် အမေရိကန်တို့တွင် ကူးစက်မှုနှုန်း မြင့်တက်နေသကဲ့သို့ တရုတ်တွင်လည်း ကူးစက်မှုဖြစ်စဉ်သစ်များ ပေါ်ထွက်လာမှုနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်နိုင်ငံသည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်တွင် ကူးစက်မှုနှုန်း အများဆုံး နိုင်ငံအဖြစ် ဆက်ရှိနေပြီး ကူးစက်ခံရသူဦးရေ ၂ သန်းခန့် သို့မဟုတ် ကမ္ဘာတစ်၀န်းကူးစက်ခံရသူစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းခန့် ရှိနေသည်။

သို့သော် လက်တင်အမေရိကတွင် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် အမြန်ဆန်ဆုံးနှုန်းမြင့် မြင့်တက်နေပြီး ယခုအခါ ကူးစက်ခံရသူစုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းသည် ယင်းဒေသတွင် ကူးစက်နေခြင်း ဖြစ်ကြောင်း ရိုက်တာ၏ ကိန်းဂဏန်းများအရ သိရသည်။

ဘရာဇီးနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ကမ္ဘာ့ နံပါတ် နှစ် ဆိုသည့် နေရာအထိ ရောက်ရှိထားခဲ့ပြီး ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်မှုသည် ပြီးခဲ့သည့် ဇန်န၀ါရီလအစောပိုင်းက တရုတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မေလကုန်အရောက်တွင် ကမ္ဘာတစ်၀န်း ကူးစက်ခံရသူ လေးသန်းအထိ ရောက်ရှိခဲ့ပြီး ယင်းနောက် သီတင်းပတ်ငါးပတ်ခန့်အကြာတွင် စုစုပေါင်းဦးရေ ရှစ်သန်းအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတစ်၀န်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၄၃၄,၀၀၀ ကျော် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly