တောင်ကိုရီးယား ဝါဒဖြန့်စာစောင်များကြောင့် အရေးယူရန် မြောက်ကိုရီးယား စစ်တပ် လုံးလုံးလျားလျား အသင့်ဖြစ်နေ

တောင်ကိုရီးယား ဝါဒဖြန့်စာစောင်များကြောင့် အရေးယူရန် မြောက်ကိုရီးယား စစ်တပ် လုံးလုံးလျားလျား အသင့်ဖြစ်နေ

ဇွန် ၁၆

မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ပြည်ပြေးအုပ်စုများက ဝါဒဖြန့်လက်ကမ်းစာစောင်များ ဆက်လက် ပေးပို့နေမည်ဆိုလျှင် စစ်တပ်က အရေးယူသွားရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း လက်တုံ့ပြန် လုပ်ငန်းစဉ်များ၏ နောက် ဆုံး သတိပေးချက်အဖြစ် မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက အင်္ဂါနေ့တွင် ထုတ်လွှင့်ခဲ့သည်။

၂၀၁၈ ကိုရီးယားပဋိဉာဉ်အရ သတ်မှတ်ထားသော စစ်မဲ့ဇုန်များထဲ တပ်များ ဝင်ရောက်ကာ ရှေ့တန်းခံတပ်အဖြစ် ပြောင်းလဲပစ်မည့် အရေးယူသည့် အစီအစဉ်တစ်ရပ်ကို အသင့်ပြင်ထားပြီးဖြစ်သည်ဟု ကိုရီးယားပြည်သူ့စစ် တပ် KPA ၏ စစ်ဦးစီးချုပ်ရုံးက ဆိုသည်။

“ပါတီနှင့် အစိုးရထံမှ မည်သည့် ဆုံးဖြတ်ချက်နှင့် အမိန့်များကိုမဆို ကျွန်တော်တို့ စစ်တပ်သည် ရုတ်ခြည်း အကောင်အထည် ဖော် ဆောင်ရွက်သွားမည်။”ဟု KPA ၏ ထုတ်ပြန်ချက်ကို KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့ သည်။

တောင်ကိုရီးယားနှင့် ဆက်ဆံရေးကို ဖြတ်တောက်ပစ်ပြီး လူ့အခွင့်အရေး အလွဲသုံးစားလုပ်ခြင်း အပါအဝင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အား ဝေဖန်ထားသော လက်ကမ်းစာစောင်များ ပေးပို့နေခြင်းအပေါ် လက်တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လာပြီးနောက် တင်းမာမှုများ မြင့်တက်လျက် ရှိနေသည်။

ပြည်ပြေးများ ဦးဆောင်သော အုပ်စုအချို့သည် မြောက်ကိုရီးယားဖက်ခြမ်းသို့ ဝါဒဖြန့် လက်ကမ်းစာစောင်များကို အစားအစာများ၊ အမေရိကန် တစ်ဒေါ်လာတန်၊ အသေးစား ရေဒီယိုများနှင့် တောင်ကိုရီးယား ဇာတ်ကားများ နှင့် သတင်းများ ပါရှိသော USB stick များအား လုံခြုံရေးတင်းကြပ်စွာ ချထားသော နယ်စပ်ကို မိုးပျံပူဖောင်းများဖြင့် သို့မဟုတ် မြစ်ရေတွင် ပုလင်းများထဲ ထည့်၍ မျောခြင်းဖြင့် ပေးပို့နေခြင်း ဖြစ်သည်။

ကင်ဂျုံးအွန်၏ ညီမ အာဏာရ အလုပ်သမားပါတီ၏ အကြီးတန်းတာဝန်ရှိသူ ကင်ယိုဂျုံးက ၎င်းသည် စစ်တပ်အား လာမည့် တိုက်ပွဲအတွက် အသင့်ပြင်ထားရန် အမိန့်ပေးထားသည်ဟု စနေနေ့က ပြောခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက ပြည်ပြေးအုပ်စုနှစ်စုအား ၎င်းတို့သည် နယ်စပ်တင်းမာမှုများကို လောင်စာလောင်းနေပြီး နယ်စပ်အနီး နေထိုင်သူများအတွက် ဘေးအန္တရာယ်များ ဖြစ်စေလျက် ပတ်ဝန်းကျင်ပျက်စီးမှုများကို ဖန်တီး နေသည်ဟု ဆိုကာ ဥပဒေအရ အရေးယူခဲ့သည်။

သို့သော် အဆိုပါ အုပ်စုများက ယခုသီတင်းပတ်အတွက် စီစဉ်ထားသော ၎င်းတို့၏ စည်းရုံးလှုံ့ဆော်မှုကို ရှေ့တိုးလုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ ဖော်ဆောင်သော ငြိမ်းချမ်းရေးသဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းရန်နှင့် စေ့စပ်ဆွေးနွေးရန် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက တိုက်တွန်းပြော ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly