တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၉ ဦးထပ်မံတွေ့ရှိ ၊ ၃၆ ဦးမှာ ပေကျင်းမြို့မှဖြစ်

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၄၉ ဦးထပ်မံတွေ့ရှိ ၊ ၃၆ ဦးမှာ ပေကျင်းမြို့မှဖြစ်

ဇွန် ၁၅

တရုတ်ပြည်မကြီးတွင် ဇွန် ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ စုစုပေါင်း ၄၉ ဦးရှိခဲ့ပြီး ယခင်ရှေ့တစ်ရက်က ၅၇ ဦးရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးအာဏာပိုင်များက တနင်္လာနေ့တွင်ပြောသည်။

ရောဂါကူးစက်ခံရသူများအနက် ၃၉ ဦးမှာ ဒေသတွင်းကူးစက်မှုအသစ်ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC) ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ကူးစက်မှုဖြစ်စဉ်အသစ်များအနက် ၃၆ ဦးမှာ ပေကျင်းမြို့မှဖြစ်သည်။  ထိုအရေအတွက်သည် အရင်ရက်က ၎င်းမြို့ရှိ ကူးစက်သူအရေအတွက်နှင့်အတူတူပင်ဖြစ်ပြီး တရားဝင်ထုတ်ပြန်ခဲ့သည့်ကိန်းဂဏန်းများထဲတွင် ပေကျင်းမြို့အတွက်  နေ့စဉ်ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့သည်။

NHC ၏ထုတ်ပြန်ချက်အရ ဇွန်လ ၁၄ ရက်တွင် နိုင်ငံတွင်းဝင်ရောက်သူများမှ ၁၀ ဦးတွင်ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီး ရှေ့တစ်ရက်က အလားတူကူးစက်မှုမျိုး ၁၉ ဦး ရှိသည်ဟုဆိုသည်။ ရောဂါလက္ခဏာမပြဘဲ ကူးစက်သူမှာ ဇွန် ၁၄ ရက်က ၁၈ ဦးနှင့်  ဇွန် ၁၃ ရက်က  ၉ ဦးရှိကြောင်းသိရသည်။

တရုတ်ပြည်မကြီးတွင် ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၃ ၁၈၁ ဦးရှိကာ သေဆုံးသူမှာ ၄၆၃၄ ဦးရှိသည်။

တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသူများကို ကူးစက်ခံရသူအဖြစ် ထည့်သွင်းမရေတွက်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly