ထိုင်းဖြစ်လျှင် အမြဲတမ်း ထိုင်းပါပဲဟု အခြေခံဥပဒေတရားရုံးက ပြဌာန်း

ထိုင်းဖြစ်လျှင် အမြဲတမ်း ထိုင်းပါပဲဟု အခြေခံဥပဒေတရားရုံးက ပြဌာန်း

ဇွန် ၁၂

မည်သည့် ထိုင်းနိုင်ငံသားကိုမဆို နိုင်ငံမှ နှင်ထုတ်နိုင်မည် မဟုတ်သလို ပြည်ပကနေ နိုင်ငံသို့ ပြန်လာမှုအပေါ် ပိတ်ပင်တားဆီး၍ ရမည် မဟုတ်ကြောင်း ထိုင်း တော်ဝင်ဂေဇက် ဝက်ဘ်ဆိုဒ်တွင် ဇွန်လ ၁၀ ရက်က ဖော်ပြသော ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတွင် မွေးဖွားခြင်းကြောင့် ရရှိထားသည့် ၎င်းတို့၏ နိုင်ငံသားဖြစ်ခြင်းကို ပြန်ရုပ်သိမ်း၍ မရနိုင်ဟုလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏ အထွေထွေအတွင်းရေးမှူး ချောင်ဝါနာ ထရာအီမက်စ် လက်မှတ်ထိုးထားခဲ့ပြီး မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာချက်သည် မေလ ၂၁ ရက် ရက်စွဲပါ တရားရုံး အမိန့်ချမှတ်မှုကို ကိုးကားဖော်ပြထားသည်။

ယင်းကြေညာချက်တွင် ထိုင်းနိုင်ငံသားတစ်ဦးကို ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် ထိုင်းနိုင်ငံသားတစ်ဦး ပြည်ပကနေ နိုင်ငံသို့ ပြန်လာခြင်းအပေါ် တားမြစ်ပိတ်ပင်ခြင်းတို့ကို ဖွဲ့စည်းပုံ ဥပဒေ အပိုဒ်ခွဲ ၃၉ အပိုဒ်ငယ် ၁ အရ ခွင့်ပြုပေးထားခြင်း မရှိဟု ဆိုသည်။

ထို့ပြင် အဆိုပါ ဥပဒေပါ အပိုဒ်ခွဲအရ နိုင်ငံတွင် မွေးဖွားခြင်းကြောင့် ရရှိထားသည့် ထိုင်း တစ်ဦး၏ နိုင်ငံခြားဖြစ်ခွင့်ကို ပြန်ရုပ်သိမ်းခြင်းကိုလည်း ခွင့်ပြုပေးထားခြင်းမရှိဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly