ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ရတနာပုံအသင်း ပြည်ပကစားသမား ၅ ဦး စမ်းသပ်မည်

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ရတနာပုံအသင်း ပြည်ပကစားသမား ၅ ဦး စမ်းသပ်မည်
ရတနာပုံကစားသမားများ လေ့ကျင့်နေစဉ် ဓါတ်ပုံ (MFF)

နိုဝင်ဘာ ၆၊ ရန်ကုန်။           ။ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် BTV-Number One Cup 2015 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ရတနာပုံအသင်းမှာ ယင်းပြိုင်ပွဲကာလအတွင်း နိုင်ငံခြားသား ကစားသမား ၅ဦးကို ခြေစွမ်းစမ်းသပ် ရန်စီစဉ်ထားသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းအပါအဝင် ဘင်ဒေါင်း၊ BVN၊ ဒေါင်သန်လောင်၊ သန်ကွမ်နင်း၊ ကိုရီးယားတက္ကသိုလ်လက်ရွေးစင်အသင်း၊ ဘရာဇီးကလပ် ဘင်ဂူ၊ ဂျပန်တက္ကသိုလ်လက်ရွေးစင် အသင်းတို့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရတနာပုံအသင်းအနေဖြင့် ယင်းပြိုင်ပွဲကို ၂၀၁၅ ဘောလုံးရာသီက အသင်းတွင်ကစားခဲ့သော နိုင်ငံခြားသားကစားသမားများကို ခေါ်ဆောင်ခဲ့ခြင်းမရှိပဲ ပြည်ပကစားသမားများအဖြစ် အိုင်ဗရီကို့စ်   နောက်ခံလူ ပေါလ်အိုလီ၊ အိုင်ဗရီကို့စ်ကွင်းလယ်ကစားသမား ချာလက်စ်၊ ကိုလံဘီယာတိုက်စစ်မှူး ဂူစတာဗို၊ နိုက်ဂျီးရီးယားကွင်းလယ်ကစားသမား ရာဟာရ၊ ဂီနီနောက်ခံလူ ဘာဘာကာ တို့ကို စမ်းသပ်မည်ဖြစ်သည်။

ရတနာပုံအသင်းသည် လာမည့်နှစ်ဘောလုံးရာသီအတွက် ကစားသမားခေါ်ယူမှုအဖြစ် ဟံသာဝတီအသင်းမှာ မြန်မာ့လက်ရွေးစင်ဂိုးသမား ရန်အောင်လင်းကိုလည်း နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly