မြည်းတစ်ကောင် ရဲအဖမ်းခံရခြင်း အပါအဝင် ထူးခြားဆန်းပြားသတင်းများ

By The Week
12 June 2020
မြည်းတစ်ကောင် ရဲအဖမ်းခံရခြင်း အပါအဝင် ထူးခြားဆန်းပြားသတင်းများ

ဇွန် ၁၂

လောင်းကစားပွဲတွင်ပါဝင်သည့် မြည်းတစ်ကောင် အဖမ်းခံရ

ပါကစ္စတန်ရဲများသည် တရားမဝင် လောင်းကစားမှုနှင့်ပတ်သက်သောအပြေးပြိုင်ပွဲတစ်ခုတွင် မြည်းတစ်ကောင်အား ဖမ်းဆီးလိုက်ကြောင်းသိရသည်။ ပါကစ္စတန်အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ် ရာဟင်ယာခန်မြို့မှ  တာဝန်ရှိ သူများသည် အများပြည်သူရှေ့မှောက်၌ လောင်းကစားကျူးလွန်သည်ဟု သံသယရှိသော လူရှစ်ယောက်နှင့်အတူ မြည်းတစ်ကောင်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပါကစ္စတန်တွင် ထိုသို့လောင်းကစားလုပ်ခြင်းကို ရာဇဝတ်မှု အဖြစ်သတ်မှတ်ထားသည်။

ငွေစက္ကူအတုသုံးသည့် ၈ နှစ်အရွယ်ယောက်ျားလေး ရဲမှတ်တမ်းတင်ခံရ

ဆွစ်ဇာလန်နိုင်ငံရှိ ကျေးရွာတစ်ရွာက ဆိုင်တွင် အသက်ရှစ်နှစ်အရွယ်ယောက်ျားလေးတစ်ဦးသည် ကစားစရာငွေစက္ကူကို သုံး၍ ရ/မရ မေးမြန်းခဲ့မှုကြောင့် ရဲများက စုံစမ်းထောက်လှမ်းခဲ့ကြသည်။ ရဲများက အဆိုပါကလေး ၏ မိဘများကိုဆက်သွယ်ကာ အိမ်သို့သွားရောက်ပြီး သုံးနာရီကြာမျှ စစ်ဆေးမေးမြန်းခဲ့ကြသည်။ အမည်မဖော်ပြထားသော အဆိုပါကလေးကို ပြစ်မှုကျူးလွန်မှုဖြင့် တရားမစွဲဆိုသော်လည်း ၎င်းအမည်သည် ၂၀၃၂ ခုနှစ် မေလတိုင်အောင် ရဲမှတ်တမ်းတွင်ရှိနေမည်ဖြစ်သည်။

OnlyFans အဖွဲ့ထဲဝင်ရောက်ခဲ့သည့် ဘွားဘွား

အသက် ၅၉ နှစ်အရွယ်ရှိ အဘွားဖြစ်သူတစ်ဦးသည်  အွန်လိုင်း၌ ၎င်း၏ အညှီအဟောက်ဆန်သောဓာတ်ပုံများရောင်းရန် လက်ရှိအလုပ်ကိုထွက်ခဲ့ကြောင်းသိရသည်။ လူကြီးဖျော်ဖြေရေးဝက်ဆိုဒ်တစ်ခုဖြစ်သည့် OnlyFans တွင် ဓာတ်ပုံတင်ခြင်းဖြင့် တစ်လလျှင် ယူရို ၁ ၅၀၀ (ပေါင် ၁၃၀၀) ရရှိပြီး ယခင် အချိန်ပိုင်းအလုပ်ထက် ဝင်ငွေသုံးဆခန့်ပိုရသည်ဟု  Sandra Maria Brook က ဆိုသည်။ အဘွားအရွယ် Sandra ၏ အညှီအဟောက်မ ကင်းသော ဓာတ်ပုံများကို သဘောကျ၍ ၎င်း၏ Instagram အကောင့်ကို Follow လုပ်ထားသူ ၁၁ ၀၀၀ ကျော်ရှိသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly