ပုဂံဘုရားတွေ ဖောက်ထွင်းခံရမှု တရားမဝင်ဈေးကွက်ကြီးထွားလာမှုကြောင့် ဖြစ်နိုင်ဟု ရှေးသုအရာရှိပြော

ပုဂံဘုရားတွေ ဖောက်ထွင်းခံရမှု တရားမဝင်ဈေးကွက်ကြီးထွားလာမှုကြောင့် ဖြစ်နိုင်ဟု ရှေးသုအရာရှိပြော

အခုလို  COVID-19 ကပ်ရောဂါကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ရှေးဟောင်းဘုရား၊ စေတီတွေ ဆက်တိုက်ဆိုသလို ဌာပနာအဖောက်ခံနေရပါတယ်။
ဇွန်လ ၈ ရက်နေ့နဲ့ ဇွန်လ ၉ ရက်နေ့မှာပဲ ပုဂံဘုရား ၁၉ ဆူအထိ ဖောက်ထွင်းခံရကြောင်း တွေ့ရှိခဲ့တာပါ။

 အခုလို ပုဂံရှေးဟောင်းဘုရားစေတီတွေ ဆက်တိုက်ဌာပနာအဖောက်ခံနေရတာဟာ ရှေးဟောင်းပစ္စည်းတရားမဝင်ရောင်းချတဲ့ ဈေးကွက်ကြီးထွားလာသလို COVID-19 ဖြစ်ပွားလို့ အမိန့်ကန့်သတ်ချက်တွေ ထုတ်ထားရချိန်ကို အခွင့်ကောင်းယူပြီး လုပ်နေတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြောင်း သရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဆိုက် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက မဇ္ဈိမကို ပြောပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly