"လွှတ်တော်ကိုယ်စားလှယ်လောင်းက ဗုဒ္ဓဘာသာပဲ ဖြစ်ရမယ်လို့ မထည့်ထားဘူး"

"လွှတ်တော်ကိုယ်စားလှယ်လောင်းက ဗုဒ္ဓဘာသာပဲ ဖြစ်ရမယ်လို့ မထည့်ထားဘူး"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် အနိုင်ရရှိရေး အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှု မူဝါဒများကို ပြင်ဆင် သုံးသပ်ကာ လူမှန်နေရာမှန် ရွေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အကယ်၍ အစိုးရ ဖွဲ့စည်းနိုင်ရေး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မည်သည့် အပြောင်းအလဲများ ပြုလုပ် သွားမည်ကိုလည်း သုတေသနလုပ်ကာ ပြင်ဆင်လျက်ရှိနေသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)ဒုဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီ တာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ် မေးမြန်းထားပါသည်။

အဆိုပါ အင်တာဗျူးကို ဇွန်လ ၇ ရက်နေ့ (တနင်္ဂနွေနေ့)က ဆက်သွယ် မေးမြန်းထားသော်လည်း ကျွန်တော်တို့ မဇ္ဈိမ မီဒီယာမှ အသံဖမ်းစနစ် ချို့ယွင်းချက်ဖြစ်သွားသည့်အတွက် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံမှ ၎င်းတို့ မှတ်တမ်းတင်ထားသော အသံဖိုင်ကို တောင်းဆိုကာ ပြန်လည် တည်းဖြတ် တင်ဆက်ခဲ့ရခြင်းကြောင့် အနည်းငယ် နောက်ကျသွားခဲ့ပါသည်။

အသံပိုင်း ဆိုင်ရာ အခက်အခဲ ဖြစ်သွားမှုအပေါ် တကူးတက အကူအညီပေးအပ်ခဲ့သော ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို မဇ္ဈိမ မီဒီယာမှ အထူး ကျေးဇူးတင်ပါသည်။

တည်းဖြတ် - ဝင်းလှိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly