ဂျော့ချ်ဖလွိုက်ကိစ္စ ဆန္ဒပြသူများနှင့် တသားတည်းရှိကြောင်း ထုတ်ဖော်ခဲ့သည့် တစ်ဖနီ ထရမ့်

ဂျော့ချ်ဖလွိုက်ကိစ္စ ဆန္ဒပြသူများနှင့် တသားတည်းရှိကြောင်း ထုတ်ဖော်ခဲ့သည့် တစ်ဖနီ ထရမ့်

ဇွန် ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးတစ်ဦးဖြစ်သည့် တစ်ဖနီ ထရမ့်သည် ဆိုရှယ်မီဒီယာပေါ်တွင် အနက်ရောင် ပကတိဓာတ်ပုံများ တင်ပြီး နိုင်ငံတွင် ရဲတပ်ဖွဲ့၏ လူမဆန်သည့် လုပ်ရပ်များကို ပေါ်လွင်ထင်ရှားစေအောင် ကြိုးပမ်းသည့် အဓိက လှုပ်ရှားမှုတစ်ခုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

သူမ၏ Instagram ပေါ်တွင် အနက်ရောင် အကွက်ပုံကို တင်ခဲ့ပြီး တစ်ဖနီ ထရမ့်က hashtags များဖြစ်သော #blackoutTuesday နှင့် #justiceforgeorgeflyod တို့ကို အသုံးပြုခဲ့သည်။

နိုင်ငံတွင် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက် ရဲလက်ချက်ဖြင့် သေဆုံးမှုဖြစ်စဉ်ကြောင့် ဆန္ဒပြပွဲများ ပေါ်ပေါက်နေချိန် Blackout Tuesday သည်လည်း ပူးပေါင်းပါဝင်သူတချို့ ရှိနေသည့် ဆန္ဒပြမှု ပုံစံများအနက်က တစ်ခုဖြစ်သည်။

ဖလွိုက်သည် မင်နီယာပိုလစ်မြို့၌ ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံရစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ လူဖြူရဲတစ်ဦးက ၎င်း၏ လည်ပင်းကို အချိန် ဆယ်မိနစ်နီးပါးမျှ ဒူးဖြင့် ဖိထောက်ခဲ့ပြီးနောက် ဖလွိုက် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယို ပျံ့နှံ့ခဲ့ပြီးနောက် လူအများ ဒေါသထွက်ခဲ့ရပြီး နိုင်ငံတွင် စနစ်တကျရှိသည့် လူမျိုးရေးခွဲခြားမှုနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

#blackoutTuesday လှုပ်ရှားမှုသည် ရဲတပ်ဖွဲ့၏ လူမဆန်မှု အပြင် တေးဂီတလောကထဲ သာတူညီမျှမှု မရှိမှုတို့ကို မီးမောင်းထိုးပြသရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုကို အမျိုးသမီး ဂီတအလုပ်အမှုဆောင်နှစ်ဦးဖြစ်သည့် ဘရိုင်အန်နာ အေဂျီမန်းနှင့် ဂျမီလာ သောမတ်စ်တို့က စတင်ခဲ့သည်ဟု သိရသည်။

ယခုကိစ္စတွင် တစ်ဖနီ ထရမ့်အပြင် အခြားသော လူသိများသည့် ပုဂ္ဂိုလ်များက ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များတွင် အနက်ရောင် စတုရန်းအကွက်ပုံကို တင်ခဲ့ဲကြကြောင်း သိရသည်။

တစ်ဖနီ ထရမ့်၏ #blackoutTuesday ပို့စ်များနှင့်ပတ်သက်၍ Twitter နှင့် Instagram သုံးသူတချို့က တိုက်ရိုက် တုံ့ပြန်ပြောဆိုမှုများလည်း ရှိခဲ့သည်။ “ ဒါနဲ့ပတ်သက်လို့ မင်းအဖေကို ရှင်းပြဖို့ ကြိုးစားလို့ ရချင်ရနိုင်တယ်လေ” ဟုလည်း Instagram သုံးသူတစ်ဦးက ပြောခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly