လော့စ်အိန်ဂျလိစ် မြို့တော်ဝန်က ရဲတပ်ဖွဲ့ဘတ်ဂျက်မှ ဒေါ်လာသန်း ၁၅၀ ဖြတ်တောက်ပြီး လူမည်းများကို ခွဲဝေပေးမည်

လော့စ်အိန်ဂျလိစ် မြို့တော်ဝန်က ရဲတပ်ဖွဲ့ဘတ်ဂျက်မှ ဒေါ်လာသန်း ၁၅၀ ဖြတ်တောက်ပြီး လူမည်းများကို ခွဲဝေပေးမည်

ဇွန် ၅

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ မြို့တော်ဝန် အီရစ် ဂါဆက်တီက မြို့၏ရဲတပ်ဖွဲ့ ဘတ်ဂျက်အသုံးစရိတ်မှ ဒေါ်လာ သန်း ၁၅၀ ကို လျှော့ချဖြတ်တောက်ပြီး လူမည်း အသိုင်းအဝိုင်းများထံ ပေးအပ်သွားမည်ဟု ကြုံးဝါးသွားခဲ့သည်။

ဇွန်လ ၃ ရက်က ဟောလိဝုဒ်နှင့် လော့စ်အိန်ဂျလိစ်မြို့လယ်ခေါင်ရှိ လမ်းများပေါ်သို့ လူပေါင်းထောင်ချီ ရောက်လာခဲ့ကြချိန် မြို့တော်ဝန် အီရစ် ဂါဆက်တီက ၎င်းအနေဖြင့် မြို့ ရဲဌာန၏ အသုံးစရိတ်မှ ဒေါ်လာ သန်း ၁၅၀ ကို လူမည်းအသိုင်းအဝိုင်း၏ ကျန်းမာရေးနှင့် ပညာရေးအတွက် အသုံးပြုရန် လွှဲပြောင်းပေးမည်ဟု ပြောသွားခဲ့သည်။

ထို့ပြင် ဇွန်လ ၃ ရက် မနက်ပိုင်းက ရဲဌာနချုပ်အပြင်ဘက်ရှိ ဆန္ဒပြပွဲတစ်ခုတွင် ဂါဆက်တီသည် ဘာသာရေးခေါင်းဆောင်များနှင့်အတူ ဆုတောင်းစဉ် ဒူးတစ်ဖက်ထောက်ခဲ့သည်။

သို့သော် နောက်တစ်နေ့တွင် လူပေါင်းရာနှင့်ချီတို့သည် ဆန္ဒထုတ်ဖော်ရန်အတွက် မြို့တော်ဝန် နေအိမ်အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။

ထို့ပြင် လက်ရှိအခိုက်အတန့်ကို ပုံမှန်အခိုက်အတန့်တစ်ခု သက်သက်အဖြစ် သဘောထားမည်မဟုတ်ကြောင်း ဂါဆက်တီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ “ခုချိန်မှာ ကျွန်တော်တို့ မြို့မှာ လူမျိုးရေးခွဲခြားမှုတွေ အဆုံးသတ်စေဖို့အတွက် စကားနဲ့ ပြောဆိုနေရာကနေ လက်တွေ့လုပ်သွားရမယ့် အချိန်ရောက်နေပါပြီ” ဟု ၎င်းက ပြောသွားသည်။

ရန်ပုံငွေ လွှဲပြောင်းမည့် ကိစ္စအပြင် ရဲအရာရှိများအနေဖြင့် လက်မခံနိုင်သော အပြုအမူများ ဆက်လက်ဖြစ်ပေါ်နေပါက သတင်းပို့တင်ပြရမည်ဖြစ်ကြောင်းနှင့် အင်အားအလွန်အကျွံသုံးမှုများကို မြင်တွေ့ပါက ကြားဝင်ဖြေရှင်းရန်လိုအပ်ကြောင်း ဂါဆက်တီက သတင်းထောက်များကို ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly