လောင်စာဆီ ယိုဖိတ်မှုကြီး ဖြစ်ပြီးသမ္မတ ပူတင်က အရေးပေါ်အခြေအနေ ကြေညာ

လောင်စာဆီ ယိုဖိတ်မှုကြီး ဖြစ်ပြီးသမ္မတ ပူတင်က အရေးပေါ်အခြေအနေ ကြေညာ

ဇွန် ၅

မြစ်နှစ်မြစ်အတွင်း လောင်စာဆီ ယိုဖိတ်မှုကြီးဖြစ်ပြီးနောက် အာတိတ်မြို့တစ်မြို့ဖြစ်သည့် နောရိစ်မြို့ ပတ်လည်ဒေသကို သမ္မတ ဗလာဒီမာပူတင်က အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

ဒေသတွင်း ဓာတ်အားပေးစက်ရုံတစ်ရုံမှ ပြီးခဲ့သည့် သောကြာနေ့က ဒီဇယ် တန်ချိန် ၂၁၀၀၀ တန် အနည်းဆုံး ယိုဖိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကနဦး သတင်းများအရ ကားတစ်စီးသည် စက်ရုံမှ ဆီသိုလှောင်ကန်ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ထိုသို့ ဝင်တိုက်မိပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ကာ လောင်စာဆီများ ယိုဖိတ်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖြစ်ပွားသော်လည်း ယင်း မတော်တဆမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်များထံ သတင်းရောက်သည့်ရက် အတန်ကြာ ကြာမြင့်ခဲ့သည်။

ဆီများ ယိုဖိတ်နေသည့် နှစ်ရက်ကြာအထိ စက်ရုံမှ တာဝန်ရှိသူများက ယင်း ပြဿနာကို ၎င်းတို့ဘာသာ ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မနိုင်အင်ကာ ဖြစ်လာသည့်အခါမှ သမ္မတ ပူတင်ထံ အကြောင်းကြားခြင်းဖြစ်ပြီး ဆီယိုဖိတ်မှု ပြဿနာသည် မြေပြင် စတုရန်းမီတာ တစ်သိန်းကျော်အထိ သက်ရောက်မှု ရှိခဲ့သည်။

ရုရှ၏ ကာလရှည်ခေါင်းဆောင် သမ္မတ ပူတင်က ဒေသအုပ်ချုပ်ရေးမှူး အလက်ဆန်ဒါးအူးစ်နှင့် ဗီဒီယိုကောလ် ပြောဆိုပြီး ၎င်း၏ မကျေနပ်မှု ဖော်ပြခဲ့သည်။ ထို ပြောဆိုမှုတွင် အုပ်ချုပ်ရေးမှူး အလက်ဆန်ဒါးအူးစ်က ယင်းဖြစ်ရပ်ကို လူမှုမီဒီယာမှတစ်ဆင့်ပဲ သိခဲ့ရခြင်း ဖြစ်သည်ဟု အလေးအနက် ပြောသည်။ သို့သော် ယင်းပြဿနာကို သီတင်းနှစ်ပတ်အတွင်း ဖြေရှင်းပါမည်ဟု ကတိကဝတ် ပြုခဲ့သည်။

နောရိစ်မြို့သည် နီကယ်တူးဖော်သည့် အဓိကမြို့တစ်မြို့ဖြစ်ပြီး အစွန်ဖျားကျသည့် ယင်းမြို့သည် သဘာဝပတ်ဝန်းကျင် ပြဿနာများ ရင်ဆိုင်နေရသည်။ လူဦးရေ ၁၈၀၀၀၀ ခန့်သာ နေထိုင်သော ယင်းမြို့သည် ရုရှနိုင်ငံတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့အဖြစ် ယူဆထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly