လာလီဂါပြန်စတဲ့အခါ ပရိသတ်တွေ တက်ရောက်ဖို့ ‘မဖြစ်နိုင်သေးဘူး’လို့ CSD အကြီးအကဲ ပြော

လာလီဂါပြန်စတဲ့အခါ ပရိသတ်တွေ တက်ရောက်ဖို့ ‘မဖြစ်နိုင်သေးဘူး’လို့ CSD အကြီးအကဲ ပြော

စပိန်အမျိုးသားအားကစားကောင်စီ (CSD) ဥက္ကဋ္ဌ လိုဇာနိုက ဒီလမှာ လာလီဂါ ပြန်လည်စတင်တဲ့အခါ အာကစားကွင်းတွေထဲ ပရိသတ်တွေ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲကို ဇွန် ၁၁ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး စပိန်ဒုတိယတန်း စီဂန်ဒါကလပ် လက်စ်ပါးမက်စ်အသင်းဥက္ကဋ္ဌက အသင်းပရိသတ်တွေဟာ ဒီတပတ်တနင်္ဂနွေနေ့မှာ စတင်လို့ အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို လာရောက်ကြည့်ရှုနိုင်လိမ့်မယ်လို့ ပြောပါတယ်။

သို့သော် လိုဇာနိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေချိန်မှာ ပရိသတ်တွေ မကြာခင် ကွင်းတွင်း ပြန်လာဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

"ဒါဟာ မဖြစ်နိုင်ဘူး။ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားရပါမယ်။"လို့ သူမက AS သတင်းကတစ်ဆင့် စပိန်ရေဒီယို Cadena SER ကို အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားစရာတွေ အများကြီးရှိပါတ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ အားကစားဖြစ်တယ်။ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို လေးစားပါ။"

CSD ဥက္ကဋ္ဌ လိုဇာနိုက ပရိသတ်တွေ မဝင်သေးတဲ့ ဘွန်ဒစ်လီဂါ၊ တခြားနေရာတွေနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်မယ်ဆိုရင် စိတ်ရှည်ဖို့၊ တာဝန်ယူမှုရှိဖို့ အချိန်ကျလာပြီလို့ ပြောဆိုသွားပါတယ်။

၁၁ ပွဲကစားဖို့ကျန်နေတဲ့ လာလီဂါမှာ ဘာစီလိုနာအသင်းက ရီးယဲလ်မက်ဒရစ်ကို နှစ်မှတ်အသာနဲ့ ဇယားထိပ်က ဦးဆောင်ထားပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly