ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို NLD ပါတီခေါင်းဆောင်များ သတိပေး

31 May 2020
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို NLD ပါတီခေါင်းဆောင်များ သတိပေး

ဘာသာရေး အခမ်းအနားပွဲမှာ လူစုလူဝေး ဖြစ်စေခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပါတီCEC က နှုတ်နဲ့သတိပေးထားတယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။COVID-19ရောဂါကာကွယ်ထိန်း ချုပ်ဆဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ရန် ကုန်မြို့ရှိ ဗိုလ်တစ် ထောင်ဘုရားမှာ မေ ၂၄ရက်နေ့က ဘာသာရေးဆိုင်ရာအခမ်းအနားတစ်ရပ်ပြုလုပ်ခဲ့တာကြောင့် ယခုလို သတိပေးခံရတာလည်း ဖြစ်ပါတယ်။

ရိုက်ကူး/ တင်ဆက် - သန်းထိုက်အောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly