ဘာကြောင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေ KIA က ပြန်ပေးတာလဲ

ဘာကြောင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေ KIA က ပြန်ပေးတာလဲ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနေဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဖြင့် မေလ ၁၃ ရက်က တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ရေး ကျန်းမာရေး ပစ္စည်းများနှင့်ငွေသား တချို့ ထောက်ပံ့ကူညီခဲ့သည်။ အလား တူ တပ်မတော်ကလည်း မေလ ၂၀ ရက်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများကို KIO/KIA ထံသို့ လှူဒါန်းခဲ့သည်။

သို့သော် KIO/KIA မှ အစိုးရ ထောက်ပံ့ခဲ့သော ပစ္စည်းများကို ယခုအခါ ပြန်လည် ပေးအပ်လိုက်ကြောင်း ကြားသိရသည့်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခင်အောင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ်ရေး မေးမြန်းထားပါသည်။

တည်းဖြတ်/တင်ဆက်- ချစ်မင်းထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly