ဇွန် ၁ ရက်နေ့မှစ၍ အစိုးရဝန်ထမ်းများအားလုံး ရုံးပြန်တက်ရမည်

ဇွန် ၁ ရက်နေ့မှစ၍ အစိုးရဝန်ထမ်းများအားလုံး ရုံးပြန်တက်ရမည်

မေ ၂၉

ကိုဗစ်-၁၉ ကြောင့်  အစိုးရဝန်ထမ်းများ ရုံးတက်အလုပ်လုပ်ခြင်းကို ထက်ဝက်လျော့ချထားရာကဇွန်လ ၁ ရက်နေ့မှစတင်၍ မူလအင်အားအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တစ်ခုကို မေလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။

ညွှန်ကြားချက်မှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအားလုံးရှိ ဝန်ထမ်းများအားလုံး အကျုံးဝင်သည်။

သို့သော် ရုံးကားများတွင် Social distancing ခပ်ခွာခွာနေရေးအတိုင်း လိုက်ပါစီးနင်းနိုင်ရေးအတွက် " အင်အားတစ်ဝက်စီအား တစ်နာရီခြား၍ ကြို/ပို့ ဆောင်ရွက်သွားရန်" လည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်း ကိုဗစ်နိုင်တင်း (COVID-19) ကူးစက်မှုများရှိလာပြီးနောက် မတ်လနှောင်းပိုင်းမှစ၍  ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ရုံးလုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရန် ဝန်ထမ်း ၅၀ ရာခိုင်နှုန်းသာ အလှည့်ကျရုံးတက်ရန် အစိုးရရုံးများတွင် စီစဉ်ခဲ့သည်။ တစ်ဝက်ရုံးတက်၊ တစ်ဝက်က အိမ်တွင် အသင့်နေစနစ်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly