ပြန်လည်ထူထောင်ရေးအစီအစဉ်ကြောင့် လက်မှတ်ပြန်အမ်းငွေ ထုတ်ပေးရေး မသေချာတော့ဟု Thai Airways ဝန်ခံ

ပြန်လည်ထူထောင်ရေးအစီအစဉ်ကြောင့် လက်မှတ်ပြန်အမ်းငွေ ထုတ်ပေးရေး မသေချာတော့ဟု Thai Airways ဝန်ခံ

မေ ၂၉

ကြွေးမြီဆိုင်ရာ ပြန်လည်ထူထောင်ရေး အစီအစဉ်ကြောင့် customers (လေကြောင်းခရီးသွားလာသူ ဖောက်သည်) များကို အသုံးမပြုရသေးသော လက်မှတ်များအတွက် ပြန်အမ်းငွေထုတ်ပေးရေးအတွက် အခက်ကြုံ နေခဲ့ပြီဖြစ်ကြောင်း ထိုင်းလေကြောင်းလိုင်း Thai Airways International (THAI) က ဝန်ခံသွားခဲ့သည်။

ယခုကာလတွင် ပြန်အမ်းငွေ ထုတ်ပေးနိုင်ရန် မတတ်သာဘဲ ဖြစ်နေကြောင်း THAI ၏ ကော်ပိုရေးရှင်း ပုံရိပ်နှင့် ဆက်သွယ်ရေးဌာနက မေလ ၂၈ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။

ထို့ပြင် ဒေဝါလီခံခြင်း ဆိုင်ရာ ဥပဒေအောက်တွင် ပြန်လည်ထူထောင်ရေးအစီအစဉ်လုပ်ဆောင်ရန် လေကြောင်းလိုင်းက ပန်ကြားထားသည်ဟု ဒေဝါလီခံမှု ဆိုင်ရာ ဗဟိုတရားရုံးက မေလ ၂၇ ရက်တွင် ဝန်ခံခဲ့သည်။

လေကြောင်းလိုင်းသည် ယခုအချိန်ကာလတွင် ပြန်အမ်းငွေ အချိန်မီ ထုတ်ပေးခြင်းကနေ တားမြစ်သည့် ဥပဒေအောက်ရှိ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများဖြင့် ကန့်သတ်ခံနေရသည်။

သို့သော် အခြား အခကြေးငွေ တစုံတရာ မပါဘဲ ခြောက်လအတွင်း ငွေများ ပြန်ထုတ်ပေးမည်ဟု လေကြောင်းလိုင်းက ကတိပြုသည်။

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် THAI လေကြောင်းလိုင်းအနေဖြင့် ယင်း၏ လေကြောင်းခရီးစဉ်များကို ပြေးဆွဲပျံသန်းနိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ရသည်။

ခြွင်းချက်မရှိ ပြန်အမ်းငွေများသည် လေကြောင်းခရီးသွားလာသူများကို ကုစားပေးနိုင်မည့် နည်းလမ်းအများအပြားအနက်က တစ်ခုမျှသာ ဖြစ်သည်။ ယင်းတို့ထဲတွင် ထပ်ဆောင်း အခကြေးငွေ ကောက်ခံခြင်း မရှိဘဲ ခရီးသွား ရက်များကို နောက်ဆုတ်ခြင်း၊ လက်မှတ်များ၏ တရားဝင်ဖြစ်မှုကို သက်တမ်းတိုးပေးခြင်း နှင့် လက်မှတ်များကို တန်ဖိုးတူ ခရီးသွားဗောင်ချာများဖြင့် လဲလှယ်ပေးခြင်းတို့ ပါဝင်သည်။

သက်တမ်းမကုန်သေးသော လက်မှတ်များ ကိုင်ဆောင်ထားသည့် ခရီးသွား (customer) များ နှင့် ယင်း၏ loyalty programme (သစ္စာရှိမှု ပရိုဂရမ်) ဖြစ်သည့် Royal Orchid Plus ၏ အဖွဲ့ဝင်များကို ဂရုတစိုက် ဆက် လက် စောင့်ရှောက်ပေးသွားမည်ဟု အဆိုပါ လေကြောင်းလိုင်းက ကတိပြုသွားခဲ့သည်။

ပုံမှန်မဟုတ်သည့် အခြေအနေများနှင့် ကုမ္ပဏီကို ဒုက္ခပေးနေသည့် အကျပ်အတည်းများကို ကျော်လွှားပြီး ပိုမို သန်မာစွာ ပြန်လည် ပေါ်ထွက်နိုင်မည်ဟု ယုံကြည်ကြောင်း လေကြောင်းလိုင်းက ပြောသွားခဲ့သည်။

ယင်းအနေဖြင့် လေယာဉ်ခရီးစဉ် ပြေးဆွဲလည်ပတ်မှုကို ဇူလိုင်လတွင် ပြန်လည် စတင်မည်ဟု THAI က အစောပိုင်းက ယင်း၏ ဝက်ဆိုဒ်တွင် ကြေညာထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required