ကပ်ရောဂါကာလအတွင်း ဖြိုချခံရတဲ့ ကင်ညာနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်

26 May 2020
ကပ်ရောဂါကာလအတွင်း ဖြိုချခံရတဲ့ ကင်ညာနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်

ကပ်ရောဂါကာလအတွင်းမှာပဲ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီက ဆင်ခြေဖုံးက လူ ၇ ထောင်ကျော်ကို အာဏာပိုင်တွေက နှင်ချမောင်းထုတ်လိုက်ပါတယ်။ တချို့လူတွေကတော့ ဒီမြေကို သူတို့ဝယ်ထားတာလို့ ပြောပေမယ့် ဒီဆင်ခြေဖုံးအိမ်တွေအားလုံးက ပြည်သူပိုင်မြေမှာ ဆောက်ထားလို့ဆိုပြီး အာဏာပိုင်တွေက ဒီအိမ်တွေကို ဖြိုပစ်လိုက်တာပါ။ ကပ်ရောဂါနဲ့ ကြုံနေရတဲ့ကာလအတွင်း ဒီလို လူတွေအများကြီးကို နှင်ချမောင်းထုတ်တာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး ရောဂါပိုးပျံ့နှံ့မှု ပိုးဆိုစေနိုင်တယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။ Mohammaed Yusuf ၊ နိုင်ရိုဘီမြို့တော်က ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင်က ပြောပြပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly