ယူအက်စ်- တရုတ် 'စစ်အေးသစ်ချောက်ကမ်းပါး'နားရောက်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ယူအက်စ်- တရုတ် 'စစ်အေးသစ်ချောက်ကမ်းပါး'နားရောက်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

မတ် ၂၄၊ ၂၀၂၀

ဟောင်ကောင်အရေးနှင့် အခြားသော ကိစ္စရပ်များအပါဝင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တင်းမာမှုမြင့်တက်လျက်ရှိနေကာ အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့်ဆက်ဆံရေးကို "စစ်အေးကာလသစ်တစ်ခုရဲ့ ချောက်ကမ်းပါး" ဆီကို တွန်းပို့နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

" ယူအက်စ်မှာရှိတဲ့ တစ်ချို့သော နိုင်ငံရေးအင်အားစုတွေက တရုတ်-အမေရိကန် ဆက်ဆံရေးကို ဓားစာခံလုပ်ပြီး နှစ်နိုင်ငံကို စစ်ဆေးကာလသစ်တစ်ခုချောက်ကမ်းပါးဆီကို တွန်းပို့နေတယ်ဆိုတာ ကျွန်တော်တို့ သတိပြုစရာဖြစ်လာနေတယ်။" ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက သတင်းထောက်များကို ပြောသည်။

 ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနှင့် အခြားသော ကိစ္စရပ်များတွင် အင်အားကြီးနှစ်နိုင်ငံအကြား ကာလကြာပွတ်တိုက်မှုများဖြစ်နေခဲ့ရာက ကိုဗစ်-၁၉ ဖြစ်ပွားသောအချိန်တွင် ပိုမိုမြင့်တက်အောင် တွန်းပို့လာခဲ့သည်။

မည်သည့် အင်အားစုဖြစ်သည်ကို နိုင်ငံခြားရေးဝန်ကြီး ဝမ်က  ပြောဆိုသွားခြင်းမရှိသော်လည်း ကမ္ဘာတစ်ဝှမ်း လူပေါင်း ၃ သိန်း ၃ ကျော်သေဆုံးခဲ့ပြီးဖြစ်ကာ ကမ္ဘာတစ်လွှားစီးပွားပျက်သွားစေခဲ့သော ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါနှင့်ပတ်သက်ပြီး တရုတ်၏ အစောပိုင်း လုပ်ဆောင်တုံ့ပြန်ပုံများကို ကမ္ဘာလုံးဆိုင်ရာဝေဖန်မှုများတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဦးဆောင်နေခဲ့သည်။ 

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများ နောက်ထပ်မဖြစ်အောင် ကာကွယ်သောအနေဖြင့် တရုတ်အမျိုးသားလွှတ်တော်တွင် လုံခြုံရေးဥပဒေတစ်ခုပြဌာန်းရန် သောကြာနေ့က အဆိုတင်သွင်းလိုက်ရာ ယူအက်စ်နှင့် တစ်ခြားနိုင်ငံများ၏ ရှုတ်ချမှုများထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ဝါရှင်တန်ကို နိုင်ငံခြားရေးဝန်ကြီး ဝမ်က ပြန်လည်နှုတ်ခွန်းတုံ့ပြန်လိုက်ပြီး တရုတ်ကို အကြိမ်ကြိမ် " အပုတ်ချ တိုက်ခိုက်" နေကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

" ကိုရိုနာဗိုင်းသစ်ကြောင့် ပျက်စီးဆုံးရှုံးရတာတွေအပြင် ယူအက်စ်တစ်လွှားပြန့်နှံ့နေတဲ့ နိုင်ငံရေးဗိုင်းရပ်စ်ကလည်းရှိသေး" ဟု ဝမ်က နှစ်ပတ်လည် လွှတ်တော်အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

" ဒီနိုင်ငံရေးဗိုင်းရပ်စ်က တရုတ်ကို အခွင့်ရတိုင်း အပုတ်ချတိုက်ခိုက်နေတာဖြစ်တယ်။ တစ်ချို့ နိုင်ငံရေးသမားတွေဟာ တရုတ်ကိုပစ်မှတ်ထားပြီး အခြေခံကျကျ အချက်အလက်တွေတောင်မကိုက်ဘဲ အလိမ်အညာတွေသိပ်များတယ်၊ လုပ်ဇာတ်တွေသိပ်များတယ်" 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly