တပ်မတော်က ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ကေအန်ပီပီသို့ ပေးအပ်

တပ်မတော်က ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ကေအန်ပီပီသို့ ပေးအပ်

၂၂ ရက်နေ့ မေလ ၂၀၂၀

တပ်မတော်က ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ ( ကေအန်ပီပီ ) အဖွဲ့အား COVID-19 ရောဂါ ကာ ကွယ်ရန် အထောက်အကူပြု ပစ္စည်းများနှင့် စားသောက်စရာများ ကို ယနေ့ ပေးအပ်လှူဒါန်းသည်။

 ကယားပြည်နယ် လွိုင်ကော်မြို့ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ( ဒကစ ) ဧည့်ရိပ်သာမှာ  ပြုလုပ်သော ပေးအပ်ခဲ့ခြင်း အခမ်းအနားသို့ ကေအန်ပီပီ အထွေထွေ အတွင်း ရေးမှူး ဦးရွှေမျိုးသန့် ၊ ဗဟိုကော်မတီ ဝင် ခူးဒယ်နီရယ် နှင့် ခူးညေးရယ် ၊ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးမီရယ် အပါ အဝင် ရှားတော ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်တို့ တက်ရောက်ခဲ့သည်။

လွိုင်ကော် ဒကစ မှ ဗိုလ်မှူးကြီး ထွန်းနိုင်ဦးက “ တပ်မတော် ကနေပြီးတော့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ အစည်း ဝ ဒေသကို ပေးတယ် ( ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ) ၊ KIO / KIA ( ကချင် လွတ် လပ်ရေး တပ်မတော် ) အဖွဲ့အစည်းတွေကို ကာကွယ်ရေး ပစ္စည်းတွေကို ပေးအပ်ခဲ့တယ်။ အလားတူပဲ ကျွန်တော်တို့ ဒီပြည် နယ် မှာရှိနေတဲ့ ကေအန်ပီပီ အဖွဲ့ကို ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ အတွက် ပေးအပ် ရခြင်း ဖြစ်ပါ တယ် ”လို့ အခမ်းအနားတွင် ပြောသည်။

 တပ်မတော်က လှူဒါန်းသည့်  နှာခေါင်းစည်း Surgical Mask ၁၀၀၀၀ ခု၊ N95 Mask ၅၀၀ ခု၊ မျက်နှာကာ Face Shield-၂၅၀ ခု၊ ပေါင်ဒါမှုန့် Bleaching Powder ငါးပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ လက်အိပ် Examination Gloves ၁၀၀၀  ဗူး ၊ လက်ဆေးရည် Hand Gel ၁၅၀ ဗူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မေတ္တာ လက်ဆောင် စားသောက် ဖွယ်ရာများကို ကေအန်ပီပီ အဖွဲ့မှ လက်ခံယူခဲ့သည်။

ကေအန်ပီပီ အဖွဲ့မှ ဦးရွှေမျိုးသန့်က “ တပ်တော် ကြည်း၊ ရေ၊ လေက ပို့ပေးလာတဲ့ ပစ္စည်းတွေက ကျွန်တော်တို့ အတွက် အများကြီးအထောက် အကူပြု တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ကျွန်တော်တို့ သုံးဖို့ မဟုတ်ပါဘူး ကျွန်တော်တို့  ဒီမှာရှိတဲ့ မိဘပြည်သူတွေ၊ ကျွန်တော်တို့ လက်လှမ်းမီတဲ့ နေရာတွေကို ဆက်လက်ပြီး အမြန်ဆုံး ဖြန့်ချိ သွားမှာ ဖြစ်ပါတယ် ”လို့ ပြောသည်။

ကေအန်ပီပီ သည် COVID-19 ကပ်ရောဂါ ကာကွယ်သည့် အနေဖြင့် ထိုင်းနှင့်  ကယားပြည်နယ် ရှိ နယ်စပ် ဂိတ်များကို စောင့်ကြည့်ကာလအဖြစ် မေလ ကုန်အထိ ပိတ်ထားသည်။ ထို့အပြင်  ကယား ပြည်နယ် မယ်စဲ့မြို့နယ်ရှိ  BP-13 ၊ ရှားတောမြို့ နယ်ရှိ  BP-9  ( တာတမော)  ဂိတ်တို့ကို သွားလာခွင့်လည်း ပိတ် ပင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required