ကိုဗစ်-၁၉ တုံ့ပြန်မှုကောင်း၍ ရာစုနှစ်အတွင်း လူထုအကြိုက်ဆုံးခေါင်းဆောင်ဖြစ်လာသူ နယူးဇီလန်ဝန်ကြီးချုပ်

ကိုဗစ်-၁၉ တုံ့ပြန်မှုကောင်း၍ ရာစုနှစ်အတွင်း လူထုအကြိုက်ဆုံးခေါင်းဆောင်ဖြစ်လာသူ နယူးဇီလန်ဝန်ကြီးချုပ်

မေ ၂၀

နယူးဇီလန်နိုင်ငံတွင် နှစ်ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ် ထပ်မံမတွေ့ရှိရတော့သောကြောင့် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်၏ ကပ်ရောဂါတုံ့ပြန်မှုအပေါ် ချီးမွမ်းနေကြပြီး နှစ်ပေါင်း ၁၀၀ အတွင်း လူထုအကြိုက်ဆုံး ခေါင်းဆောင်အဖြစ် အာဒန်အား အသိအမှတ်ပြုခဲ့ကြသည်။

မေလ၌ ကိုရိုနာကူးစက်သူ ၁၉ ဦးသာရှိခဲ့ပြီး ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း နေ့စဉ်ကူးစက်မှုလည်း ဆက်တိုက်ကျဆင်းလာကာ အင်္ဂါနေ့က ဒုတိယမြောက် ဗိုင်းရပ်စ်ကင်းစင်သောနေ့ဖြစ်ခဲ့သည်။

အာဒန်သည် အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်သလို Newshub-Reid Research ၏စစ်တမ်းအရ ရာစုနှစ်အတွင်း လူကြိုက်အများဆုံးခေါင်းဆောင်ဖြစ်ပြီး ဖြေဆိုသူများအနက် ၆၀ % နီးပါးက သူမကို ကြိုက်နှစ်သက်ကြသည်။

နိုင်ငံအတွင်းလော့ဒေါင်းစည်းမျဉ်းချမှတ်လိုက်ကတည်းက အာဒန်သည် ရေပန်းစားလာခဲ့ပြီး သူမကို ထောက်ခံမှုနှုန်း တိုးတက်ခဲ့သည်။ စစ်တမ်းအရ အာဒန်အကောင်အထည်ဖော်သည့် စည်းမျဉ်းများကို ထောက်ခံသူ ၉၂ % ပင်ရှိသည်။

နယူးဇီလန်အနေဖြင့် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီး ပြန်လည်ဖွင့်လှစ်သည့်နောက်ဆုံးအဆင့် မရောက်မီ လျှောက်လှမ်းရမည့်ခရီးလမ်း ရှည်လွန်းသည်ဟု ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Ashley Bloomfield က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နယူးဇီလန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၅၀၀ ထက်မနည်းရှိပြီး ၂၁ ဦးသေဆုံးထားသည်။ ကူးစက်ခံရသူများအနက် ၉၆ ရာခိုင်နှုန်းမှာ ပြန်လည်သက်သာလာပြီး လက်ရှိတွင် ကိုဗစ်-၁၉ ကုသနေသူ နှစ်ဦးသာ ကျန်ရှိတော့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required