ကိုရိုနာကပ်ရောဂါအကြောင်း သတင်းဆိုးတွေနဲ့ ပြည့်နေတဲ့ကမ္ဘာပေါ်မှာ တိတ်တဆိတ် ကောင်းမှုပြုတဲ့သူတွေဟာ အသိအမှတ်ပြုမခံရဘဲ ရှိနေပါတယ်။ ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးရှိပေမယ့်လည်း အသက် ၈၀ ကျော်အရွယ်ရှိတဲ့ ရုရှားနိုင်ငံ၊ St. Petersburg မြို့က သက်ကြီးရွယ်အိုတွေကတော့ လိုက်လံကူညီပေးနေတုန်းပါပဲ။ Ricardo Marquina ၊ Sergey Smolyakov နဲ့ Jonathan Spier တို့ ပူးတွဲ သတင်းပေးပို့ထားတာကို ကိုမျိုးဇင်ဆန်းက တင်ပြထားပါတယ်။