အမေရိကန်၌ Lockdown ဆန္ဒပြပွဲပါဝင်ခဲ့သူ လူ ၇၂ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

အမေရိကန်၌ Lockdown ဆန္ဒပြပွဲပါဝင်ခဲ့သူ လူ ၇၂ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

မေ ၁၃

အမေရိကန်ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ်တွင် အစိုးရ၏ အိမ်မှာနေရန်ညွှန်ကြားချက်ကို စုဝေးဆန္ဒပြရာတွင် ပါဝင်ခဲ့သော လူ ၇၂ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ပြည်နယ်ကျန်းမာရေးဌာန (DHS ) ၏ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၂၆ ရက်နောက်ပိုင်း စမ်းသပ်မှုမှ ရောဂါကူးစက်ခံရသူ ၁၉၈၆ ဦးအနက် ၇၂ ဦးမှာ လူစုလူဝေးပွဲသို့တက်ရောက်ခဲ့ကြောင်း၊ လူနာများကို စုဝေးပွဲများတက်ရောက်ခဲ့ခြင်း ရှိ/ မရှိ ခြေရာခံသူများက မေးမြန်းခဲ့ကြသော်လည်း ဆန္ဒပြပွဲမှတစ်ဆင့် COVID-19 ကူးစက်ခံရသည်လားဆိုသည်ကို အတိအကျမပြောနိုင်ကြောင်း DHS မှ ပြောရေးဆိုခွင့်ရှိသူ Jennifer Miller ကပြောသည်။

ဧပြီ ၂၄ ရက်က မက်ဒီဆင်မြို့ရှိ  ဝစ္စကိုဆင်ပါလီမန်အဆောက်အုံပြင်ပ၌ နိုင်ငံအားပိတ်ဆို့ထားမှုများမှ ပြန်လည်ဖွင့်လှစ်ပေးရန် ပြည်နယ်အုပ်ချုပ်ရေးမှူး Tony Evers အား လူရာပေါင်းများစွာက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ရဲများ၏အဆိုအရ ဆန္ဒပြပွဲတက်သူ ၁၅၀၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး ဖမ်းဆီး၊ အရေးယူခြင်းများမရှိခဲ့ဟု သိရသည်။ ဆန္ဒပြသူ သုံးပုံတစ်ပုံခန့်မှာ နှာခေါင်းစည်းများ တပ်ဆင်ခဲ့ကြသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly