အီရန် ရေတပ်သင်္ဘော အချင်းချင်း မှားပစ်မိ၍ သင်္ဘောသား ၁၉ ဦး သေဆုံး

အီရန် ရေတပ်သင်္ဘော အချင်းချင်း မှားပစ်မိ၍ သင်္ဘောသား ၁၉ ဦး သေဆုံး

မေ ၁၁

အီရန် ရေတပ်သင်္ဘောနှစ်စင်း အချင်းချင်း မှားပစ်မိခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပေါ်ခဲ့ပြီး သင်္ဘောသား ၁၉ ဦး သေဆုံးပြီး အခြား ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု အီရန် ရေတပ်က ထုတ်ပြန်သည်။

မေလ ၁၀ ရက်က အိုမန်ပင်လယ်ကွေ့၌ အီရန် ဖရီဂိတ်သင်္ဘော Jamaran က သင်္ဘောဖျက်ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့စဉ် ထောက်ကူပံ့ပိုးရေး သင်္ဘော Konarak ကို ထိမှန်သွားခဲ့ခြင်း ဖြစ်ကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

ဟောမုဇ် ရေလက်ကြားအနီး စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့စဉ်  အဆိုပါ သင်္ဘောအချင်းချင်း မှားပစ်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အီရန် စစ်တပ်သည် အဆိုပါ မဟာဗျူဟာကျသည့် ရေလမ်းကြောင်းတွင် စစ်ရေးလေ့ကျင့်မှုများကို မကြာခဏ လုပ်ဆောင်လေ့ ရှိသည်။

“မနေ့က လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ကိုနာရက်ခ် သင်္ဘောဟာ ဒုံးကျည် မတော်တဆထိမှန်သွားခဲ့တာ ဖြစ်ပါတယ်” ဟု အီရန် နိုင်ငံပိုင်တီဗီက ထုတ်ပြန်ဖော်ပြသည်။

Jamaran နှင့် Konarak သင်္ဘောတို့သည် အီရန် စစ်တပ်၏ အဓိကကျသည့် ရေတပ် သင်္ဘောများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly