ကယားပြည်နယ် အစိုးရဌာနအချို့ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်များ လိမ်ညာတောင်းနေဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းပြော

ကယားပြည်နယ် အစိုးရဌာနအချို့ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်များ လိမ်ညာတောင်းနေဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းပြော

၈ ရက်နေ့ မေလ ၂၀၂၀

ကယားပြည်နယ် အစိုးရ ဌာနဆိုင်ရာ တချို့တွင် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်း စရိတ်များ လိမ်ညာတောင်းဆိုမှုများရှိခြင်းကြောင့် စစ်ဆေးပေးနိုင်ပါရန် ပြည်သူ့ ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေး ကော်မတီ အဖွဲ့မှ ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်  ဦးခင်မောင်ထွန်းက ပြောလိုက်သည်။

မေလ ၇ ရက်နေ့က ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမော်မော်ရဲ့ ၂၀၂၀-၂၀၂၁ ခုနှစ် အတွက် ကယား ပြည်နယ်၏ ဘဏ္ဍာငွေအရ သုံးစာရင်းနှင့်ပတ်သက်ပြီး ကယားပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် မော်တော်ယာဉ် ပြင်ဆင် ထိန်းသိမ်း စရိတ်များနှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေး ကော် မတီမှ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

“မော်တော်ယာဉ် ပြင်ဆင် ထိန်းသိမ်း စရိတ်များနှင့် စပ်လျဉ်း၍ အချို့ဌာနများတွင် မော်တော်ယာဉ်များက ဌာန ၏ အရာရှိများထက် အဆမတန်ခွဲဝေယူထားကြပြီး မော်တော်ယာဉ် ပြင်ဆင်စရိတ်များကိုလည်း အမှန်တကယ် ပြင်ဆင်ထိန်းသိမ်းခြင်း မရှိတာကို သုံးသပ်တွေ့ရှိရပါတယ်”လို့  ဦးခင်မောင်ထွန်းက ပြောသည်။

သူက ဆက်ပြီးတော့ “ကယားပြည်နယ် အစိုးရ အဖွဲ့မှ ဖွဲ့စည်းထားသော ယာဉ်နှင့် စက်ပစ္စည်းများ ပြင်ဆင် ကြီး ကြပ်မှု ကော်မတီက အသုံးစရိတ်များ ခွင့်ပြုပေးပြီးနောက် ထုတ်ယူ သုံးစွဲသည့် ဌာနများမှ မော်တော် ယာဉ် များ ကို အမှန်တကယ် ပြင်ဆင်ခြင်း ရှိ မရှိ မြေပြင်တွင် အမှန်တကယ် မောင်းနှင်း နိုင ခြင်း ရှိမရှိတို့ကိုအလေးထား စစ် ဆေးပေးနိုင်ပါရန်နှင့် ပြည်သူ့ ဘဏ္ဍာငွေ လေလွင့် ဆုံးရှုံးမှုများ လျော့နည်းစေရန် ကူညီဆောင်ရွက်ပေးကြဖို့ အ ကြံပြု တိုက်တွန်လိုပါတယ်”ဟု ဆိုသည်။

ပြည်သူ့ ငွေစာရင်း၏ ပြောကြားချက်အရ ဒေသအတွင်း ဌာနဆိုင်ရာ စုစုပေါင်း ၈၆ ခုရှိပြီး ဒေသ ဘတ် ဂျက်ပါဌာန အဖွဲ့အစည်း ၂၄ ဖွဲ့ထဲမှ အစိုးရအဖွဲ့ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ အားကစားနှင့် ကာယ ဦးစီးဌာန၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦး စီးဌာန၊ ကျေးလက် လမ်းဦး စီးဌာ နနှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့၏ အသုံးစရိတ်များနေကြောင်းတွေ့ရှိရသည်ဟု ဆိုသည်။

ုထို့အပြင် လုပ်ငန်းဌာန မဟုတ်သည့် စီမံခန့်ခွဲရေး ဌာန ဖြစ်သော အစိုးရအဖွဲ့ မီးသတ်ဦးစီးဌာန အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အသုံးစရိတ်များမှာလည်း လုပ်ငန်းဌာနများ နည်းတူ မြင့်မားနေတာ တွေ့ရ ကြောင်း ပြည်သူ့ ငွေ စာရင်း အဖွဲ့က ဆိုသည်။

“ပြည်နယ်မှာ တချို့ အစိုးရ ဌာနဆိုင်ရာ အဖွဲ့ပေါ့နော် အရာရှိထက် ယာဉ်က ပိုများတယ် သုံးစီး ဆိုတော့ တခါတလေ အဲဒီယာဉ်တွေ မသုံးပဲနဲ့ ပြင်ဆင် စရိတ် တောင်းခံလာတာ တွေ့ရပါတယ်။ စက်သုံးဆီတွေ ရော အမှန်တကယ် ပြင်စရာရှိလို့ သုံးစရာရှိလို့ ပြင်ရဲ့လာဆိုတာ သူတို့ မလေ့လာဘူး တချို့ ကျနော်တို့ တွေ့တာက ပြည်သူ့ ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး အဖွဲ့က တချို့ပြင်တယ်ပြောပြီး မပြင်ပဲနဲ့ သူတို့ ပုံမှန် ထုတ်တဲ့ သဘောပေါ့နော် သူများတွေနဲ့ တန်းတူဖြစ်လို့ နောက်နောင် ဒီလို မဖြစ်စေဖို့ ပြည်သူ့ ငွေစာ ရင်းစောင့်ကြည့်ရေး အနေနဲ့ ကြိုတင်သတိပေးတာ ဖြစ်တယ်”ဟု ဦးခင်မောင်ထွန်းက သတင်း ထောက် များကို ပြောသည်။

ယနေ့ ကျင်းပသည့် ကယားပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး ကယားပြည်နယ်ရဲ့ ပြည် နယ် အဖွဲ့ အစည်းတွေရဲ့  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အရ ၈၈  ဘီလီယံ ကျော်ကို သုံးစွဲမည် ဖြစ်ကြောင်း အတည်ပြုထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly