ကင်ညာဝန်ကြီးဌာနတစ်ခုက လိင်တုပစ္စည်းများ စျေးကြီးပေးကာ ၀ယ်ယူမှုအတွက် ၀န်ကြီးဖြစ်သူ တရားရင်ဆိုင်နေရ

ကင်ညာဝန်ကြီးဌာနတစ်ခုက လိင်တုပစ္စည်းများ စျေးကြီးပေးကာ ၀ယ်ယူမှုအတွက် ၀န်ကြီးဖြစ်သူ တရားရင်ဆိုင်နေရ

ကင်ညာနိုင်ငံက ဝန်ကြီးဌာနတစ်ခုက လိင်တုပစ္စည်းများကို ဈေးကြီးပေးကာ တင်သွင်းဝယ်ယူခဲ့သည်ဟု အကြီးတန်း ကင်ညာအမတ်တစ်ဦးဖြစ်သူ နီကိုလပ်စ်ဂွမ်ဘိုက ဘီဘီစီသို့ ပြောသည်။

ဘတ်ဂျတ်အသုံးစရိတ်စာရင်းအရ ယင်းသို့ သိရှိရခြင်းဖြစ်ပြီး ပါလီမန် ပြည်သူ့ငွေစာရင်းကော်မတီ PAC ဥက္ကဌဖြစ်သူ ဂွမ်ဘိုက ယင်းအမှုကို စစ်ဆေးနေရသည်။

ကင်ညာ ဗဟိုအာဏာခွဲဝေရေးဝန်ကြီးဌာက အဆမတန်ဈေးဖြင့် ယင်းပစ္စည်းများကို ဝယ်ယူခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရခြင်းဖြစ်သည်။

သို့သော် အမှုစစ်ဆေးခံနေရသည့် ဝန်ကြီးဖြစ်သူ အန်နီဝေဂူရူက စွပ်စွဲချက်က မမှန်ကန်ကြောင်း ပြောသည်။

ဘတ်ဂျတ်လိုငွေပြမှု ကြီးထွားလာခြင်းအား ဖြေရှင်းနိုင်ရေးအတွက် အစိုးရက အကျင့်ပျက်ခြစားမှုများ စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်နေရခြင်းဖြစ်သည်။

စာရင်းကို စတင်တွေ့လိုက်ချိန် ဖျားယူသွားရတဲ့ အထိ ဖြစ်ခဲ့ကြောင်း ဂွမ်ဘိုက ဘီဘီစီသို့ ပြောကြားခဲ့သည်။

ယင်းဝန်ကြီးဌာနက လိင်တုပစ္စည်းများအပြင် ဈေးကြီးပေး၍ ကွန်ဒုံးထုတ်ပေးစက်များ၊ စက္ကူနှင့် စာရေးကိရိယာများ၊ ကော်ပီယာစက်များနှင့် စန္ဒရားတစ်လုံးနှင့်အတူ ဝန်ကြီးဌာနတွင် ထားရန်အတွက်ဆိုကာ တီဗီကြီးတစ်လုံးကိုလည်း ဝယ်ယူထားသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စအတွက် PAC က အကျင့်ပျက်ခြစားမှုဖြင့် အမျိုးသမီးတစ်ဦးဖြစ်သည့် ဝန်ကြီး ဝေဂူရူကို လေးနာရီနီးပါး စစ်ဆေးခဲ့သည်။

တီဗီတစ်လုံးကို ဒေါ်လာ ၁၉၀၀၀ ပေး၍ ဝယ်ယူခြင်းနှင့် ဒေါ်လာ ၂၅၀ ဖြင့် ကွန်ဒုံးထုတ်ပေးစက် ဝယ်ယူခဲ့သည်ဆိုခြင်းအား  ဝန်ကြီး ဝေဂူရူက ငြင်းဆန်ထားသည်။

လိင်တုပစ္စည်းများ ဝယ်ယူခြင်း ကိစ္စနှင့် ပတ်သက်၍ ပြောဆိုဖြေရှင်းများ မရှိသေးပေ။

ဝန်ကြီးဌာနအတွက် မည်သည့်ပစ္စည်းမျှ ဝယ်ယူခြင်းမရှိပါဟုလည်း ၎င်းက ကိုယ်ပိုင်ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly