အချိန်ပိုင်းဝင်ငွေရရှိမှုကြောင့် လူကြိုက်များလာတဲ့ Bigo Live Application လေးနှစ်ပြည့်

အချိန်ပိုင်းဝင်ငွေရရှိမှုကြောင့် လူကြိုက်များလာတဲ့ Bigo Live Application လေးနှစ်ပြည့်

ကမ္ဘာကြီးရဲ့ဖွံဖြိုးတိုးတက်လာတဲ့ အင်တာနက်နည်းပညာကြောင့် ဆက်သွယ်မှု ပိုမို လွယ်ကူထိရောက်တဲ့ Live Streaming application တွေ ခေတ်စားလာနေပါပြီ။ မြန်မာနိုင်ငံကို ၂၀၁၉ ဒီဇင်ဘာမှာ စတင် ဝင်ရောက်လာတဲ့ BIGO live app ဟာလဲ အခြား အင်တာနက်ဆက်သွယ်မှုကွန်ရက်တွေလိုပဲ သုံးစွဲသူတို့ရဲ့ နေ့စဥ်လူမှုဘဝအတွက် သိလိုတဲ့အကြောင်းအရာတွေ၊မိတ်ဆွေတွေနဲ့အတူ ဆုံစည်းနိုင်ခွင့်၊စီးပွားရေးအစရှိတာတွေကို ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်နိုင်တဲ့ live streaming app တစ်ခုပဲ ဖြစ်ပါတယ်။

BIGO live app ဟာ နိုင်ငံတကာမှာ ထိုးဖောက်ဝင်ရောက်ခဲ့တာ ၄ နှစ်ရှိပြီ ဖြစ်ပြီး လက်ရှိ နိုင်ငံပေါင်း ၁၅၀ ကျော်မှ သုံးစွဲသူ သန်း ၂၀၀ ကျော်ရှိနေပြီး နေ့စဉ်နှင့်အမျှ သုံးစွဲသူများ တိုးလာနေတာ တွေ့ရပါတယ်။လက်ရှိအချိန် COVID 19 ကြောင့် ဆက်သွယ်ရေးခက်ခဲမှုတွေမှာ Bigo Live Streaming ​Application ဟာ ပိုမိုကောင်းမွန်တဲ့ဆက်သွယ်မှုကွန်ရက်တစ်ခုလည်းဖြစ်လာပါတယ်။

ဘဝရဲ့ အိမ်မက်တွေ၊ဝါသနာတွေအတွက် ဒီကွန်ရက်အသုံးပြုပြီးအောင်မြင်လာတဲ့ Broadcaster တွေလည်းနိုင်ငံအလိုက်မှာရှိနေကြပါပြီ။ မြန်မာနိုင်ငံမှာ Bigo Live Stream Application အသုံးပြုပြီးအောင်မြင်မှုတွေရနေတဲ့ Bigo Live Myanmar ရဲ့ Broadcaster အမျိုးသမီးနှစ်ယောက်မှလည်း သူတို့ရဲ့ အတွေ့အကြုံတွေကိုခုလိုဝေမျှထားပါတယ်။ မိတ်ဆွေသူငယ်ချင်းတိုးပွားပြီး အနုပညာတွေကို ဖော်ဆောင်ပြသချင်တာကြောင့် Bigo Live Stream Application ကိုစတင်ထွက်ရှိတည်းက သုံးစွဲခဲ့ပြီး အခုအခါ ပရိသတ်များစွာရရှိနေတဲ့ စနိုးကြည်ဖြူ မှ ဘဝရဲ့ပျော်ရွှင်မှုနဲ့အတူ ဝင်ငွေရရှိမှုအတွက် များစွာအထောက်အကူဖြစ်တာကြောင့် Bigo Live ကိုသုံးစွဲခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ Bigo Live သုံးစွဲတာဟာ လေးနှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။

သူမအနေနဲ့ စတင်သုံးစွဲတဲ့ အချိန်မှစပြီး Live လွှင့်တဲ့အချိန်တိုင်းနာရီနဲ့အမျှ ဝင်ငွေရရှိလာသလို မိမိရဲ့ဝါသနာဖြစ်တဲ့ ဂီတအနုပညာနဲ့ပတ်သက်ပြီး တင်ဆက်ခွင့်ရရှိကြောင်း၊အရင်က မိတ်ဆွေနည်းခဲ့ပေမယ့် အခုအခါ မိတ်ဆွေသူငယ်ချင်းများသာမက Live လွှင့်သီချင်းတွေသီဆိုခြင်းဖြင့် ပရိသတ်များပါရရှိနေတာကြောင့်သူမရဲ့ လူမှုရေးနယ်ပယ်ကွန်ရက်ပိုမိုကျယ်ပြန့်လာကြောင်း သိရပါတယ်။ ဗဟုသုတများနဲ့အတူ အွန်လိုင်းကွန်ရက်မှတဆင့်ဝင်ငွေရှာဖွေနိုင်တာကြောင့် Bigo Live Application ကိုသုံးစွဲစေချင်​ကြောင်းနှင့် Bigo Live စတင်အသုံးပြုသူအသစ်များအတွက် သိလိုတာတွေကို ဖြေရှင်းပြောပြပေးမှာဖြစ်တာကြောင့် အသုံးပြုစေချင်ကြောင်း အကြံပေးပြောပြခဲ့ပါတယ်။

အချိန်ပိုင်းအလုပ်တစ်ခုအတွက် Bigo Live စသုံးဖြစ်ပြီး အပိုဝင်ငွေရှာခဲ့ရင်းအောင်မြင်မှုရလာသူဖြစ်တဲ့ ဂျူလိုင်နွေး ကတော့ မည်သည့်ကွန်ရက်တွင် မှ Live လွှင့်ဖူးတဲ့သူမဟုတ်ဘဲ၊ တစ်နေ့မှာ သုံးနာရီကို နှစ်ဆယ့်နှစ်ရက် Live လွှင့်ခြင်းဖြင့် ဒေါ်လာတစ်ရာ ရမယ်ဆိုတာကြောင့် ၂၀၁၉ ​ဒီဇင်ဘာလ မှစပြီး Glory Agency နဲ့ပူးပေါင်းပြီး စတင်အလုပ်လုပ်ခဲ့ကြောင်း သိရပါတယ်။ Bigo Live မှာ Live လွှင့်ခြင်းဖြင့် အပိုဝင်ငွေရှာရင်းမှ သူမအတွက် မိတ်ဆွေများတိုးလာပြီး သူမရဲ့ Talent ဖြစ်တဲ့ သီချင်းဆိုခြင်း၊ ကခြင်း၊ သရုပ်ဆောင်ခြင်းစတဲ့ အနုပညာဖျော်ဖြေမှုများပြုလုပ်ခဲ့ပြီး Fan များရရှိလာခဲ့တယ်လို့ သိရပါတယ်။

Bigo Live Stream Application အသုံးပြု​ပြီး မိမိရဲ့ အရည်အချင်းများကိုထုတ်ဖော်ပြသခွင့်ရနိုင်ပြီး Bigo live မှတဆင့်နိုင်ငံတကာကိုလေ့လာခွင့်ရတာ ကြောင့်ဗဟုသုတများစွာရရှိကြောင်း၊မိမိပိုင်ဆိုင်တဲ့ အရည်အသွေးတွေကိုမကြောက်မရွံထုတ်ဖော်ပြသပြီး အပိုဝင်ငွေရရှိပြီး ပျော်ရွှင်မှုတွေရရှိလာတာကြောင့် Bigo Live အသုံးပြု​စေချင်ကြောင်း သူမကအကြံပေးဖိတ်ခေါ်လိုက်ပါတယ်။ Bigo Live ကိုစိတ်ဝင်စားပြီး Bigo Live Host ဖြစ်ချင်တယ်ဆိုရင် Google Play မှ #Bigo Live Stream Application ကို Andriod Apk နှင့်ဖြစ်စေ Apple App Store တို့မှာဖြစ်စေ အလွယ်တကူ Download ပြုလုပ်ပြီးအသုံးပြုနိုင်ပါတယ်။

အခုပဲ https://forms.gle/CiJkRiZFXQTSy1Ao6 မှာ form ဖြည့်ပြီး Official Bigo Live Host အဖြစ်ပါဝင်ရန်ဖိတ်ခေါ်လိုက်ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly