မြန်မာအပါအဝင် နိုင်ငံတချို့ကို ငွေကြေးခဝါချမှုအမည်ပျက်စာရင်းထဲ ထည့်သွင်းရန် အီးယူ စီစဉ်

မြန်မာအပါအဝင် နိုင်ငံတချို့ကို ငွေကြေးခဝါချမှုအမည်ပျက်စာရင်းထဲ ထည့်သွင်းရန် အီးယူ စီစဉ်

မေ ၆

မြန်မာ အပါအဝင် နိုင်ငံတချို့ကို ငွေကြေး ခဝါချမှု အမည်ပျက်စာရင်းထဲ ထည့်သွင်းရန် ဥရောပကော်မရှင်က စီစဉ်နေပြီဟု သိရသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်နေပြီး အီးယူအုပ်စုအတွက် ဘဏ္ဍာရေးဆိုင်ရာ အန္တရာယ်များ ခြိမ်းခြောက်နိုင်သည့် နိုင်ငံများစာရင်းတွင် မြန်မာ၊ ပနားမား၊ ဘဟာမားစ်၊ မော်ရစ်သျှ နှင့် အခြား နိုင်ငံရှစ်နိုင်ငံကို ထည့်သွင်းရန် အီးယူကော်မရှင်က စီစဉ်နေခြင်း ဖြစ်သည်။

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ပြီး မေလ ၇ ရက်တွင် ထုတ်ပြန်လာမည်ဟု မျှော်လင့်ရသည့် အဆိုပါ မူကြမ်းအထောက်အထားစာရွက်အရ အီးယူ စာရင်းထဲတွင် ဘာဘာဒို့စ်၊ ဘော့စ်ဝါနာ၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဂျမေကာ၊ မွန်ဂိုလီးယား၊ နီကာရာဂွာနှင့် ဇင်ဘာဘွေ နိုင်ငံတို့ကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။

စာရင်းတွင် ပါဝင်နေသည့် နိုင်ငံများသည် ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးစနစ်အပေါ် သိသာထင်ရှားသည့် ခြိမ်းခြောက်မှုများ ရှိနေကြောင်း အဆိုပါ မူကြမ်းစာရွက်ထဲတွင် ဖော်ပြထားသည်ဟု သိရသည်။

အီးယူ ဥပဒေအောက်တွင် ဘဏ်များ၊ အခြားသော ဘဏ္ဍာရေးနှင့် အခွန် လုပ်ငန်းကုမ္ပဏီများအနေဖြင့် စာရင်းတွင် ပါဝင်နေသည့် နိုင်ငံများနှင့် ပတ်သက်မှုရှိသော ယင်းတို့၏ ဖောက်သည် client များကို နီးနီးကပ်ကပ် စစ်ဆေးကြည့်ရှုရန် တာဝန်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly