အမေရိကန်၌ Mask တပ်ရန်ပြောသည့် စတိုးဆိုင်လုံခြုံရေးဝန်ထမ်းကို ဈေးဝယ်သူက သေနတ်ဖြင့် ပစ်သတ်

အမေရိကန်၌ Mask တပ်ရန်ပြောသည့် စတိုးဆိုင်လုံခြုံရေးဝန်ထမ်းကို ဈေးဝယ်သူက သေနတ်ဖြင့် ပစ်သတ်

မေ ၅

အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ဖလင့်မြို့ရှိ စတိုးဆိုင်တွင် မျက်နှာစည်းတပ်ရန် ပြောဆိုသည့် လုံခြုံရေးဝန်ထမ်းကို ဈေးဝယ်သူက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ယခုအခါ ပြစ်မှုကျူးလွန်သူများကို စွဲချက်တင်ထားကြောင်း သိရသည်။

Larry Edward Teague (၄၄ နှစ်) ၊ Sharmel Lashe Teague (၄၅နှစ်) ဇနီးမောင်နှံနှင့် သားဖြစ်သူ Ramonyea Travon Bishop (၂၃ နှစ်) တို့အား Michigan Family Dollar စတိုးဆိုင် လုံခြုံရေးဝန်ထမ်း Munerlyn အား ပစ်ခတ်ခဲ့မှုဖြင့် စွဲချက်တင်ထားကြောင်း Genesee ကောင်တီ ရှေ့နေရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မီချီဂန်ပြည်နယ်တွင် လက်လီဆိုင်ဝန်ထမ်းများနှင့် ဈေးဝယ်သူများအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် မျက်နှာစည်းများ မဖြစ်မနေတပ်ခိုင်းထားသည်။

လုံခြုံရေးဝန်ထမ်းက Mask မတပ်သည့် Sharmel  အား ဈေးမရောင်းရန် ငွေကိုင်အား ပြောဆိုခဲ့ပြီး ဆိုင်ထဲမှထွက်သွားရန် ပြောခဲ့သည်ဟုဆိုသည်။

မိနစ် ၂၀ ခန့်အကြာတွင် အဆိုပါ မိသားစုသုံးဦးစီးလာသည့် SUV ကားသည် စတိုးဆိုင်သို့ပြန်ရောက်လာခဲ့ပြီး သားအဖနှစ်ဦးဖြစ်သည့် Larry နှင့် Bishop က ဆိုင်ထဲသို့ဝင်လာခဲ့ကာ လုံခြုံရေးဝန်ထမ်းနှင့် အချင်းများခဲ့ပြီး သားဖြစ်သူ Bishop က ဝန်ထမ်းအား ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသားအဖနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေပြီး ဇနီးဖြစ်သူ Sharmel ကို ထိန်းသိမ်းထားကြောင်းသိရသည်။ Bishop ကို  လူသတ်မှုအပြင် တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့်ပါ အမှုဖွင့်ထားကြောင်း အမှုလိုက်ရှေ့နေရုံးက ပြောသည်။

Larry နှင့် Sharmel ဇနီးမောင်နှံသည်လည်း တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အစိုးရ၏ညွှန်ကြားချက်ကို ချိုးဖောက်မှုများဖြင့် စွဲချက်တင်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly