တောင်ဆူဒန်တွင် လေယာဉ်ပျက်ကျ လူ ဒါဇင်ပေါင်းများစွာ သေဆုံး

တောင်ဆူဒန်တွင် လေယာဉ်ပျက်ကျ လူ ဒါဇင်ပေါင်းများစွာ သေဆုံး

ဂျူဘာ၊ တောင်ဆူဒန်၊ နိုဝင်ဘာ-၄ ။             ။ တောင်ဆူဒန်နိုင်ငံတွင် ကုန်တင်လေယာဉ်တစ်စင်း ဂျူဘာ နိုင်ငံတကာလေဆိပ်မှ ပျံတက်ပြီး ခဏအကြာတွင် ပျက်ကျသွားခဲ့ရာ အနည်းဆုံး လူ ၄၁ဦး သေဆုံးခဲ့သည်။

ရိုက်တာ မျက်မြင်သက်သေ၏ ပြောကြားချက်အရ လေယာဉ်မှာ လေဆိပ်မှ တစ်မိုင်ခန့်အကွာ နိုင်းမြစ်ကမ်းပါးပေါ် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လေယာဉ်အမှုထမ်းတစ်ဦးနှင့် ကလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

လေယာဉ်မှာ တံငါသည်အုပ်စုတစ်စုအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သောကြောင့် မြေပြင်ပေါ်မှ သေဆုံးသွားသူအရေအတွက်ကိုမူ ကွဲကွဲပြားမသိရဟုဆိုသည်။

လေယာဉ်မှာ ရုရှလုပ် ကုန်တင်လေယာဉ်ဖြစ်ပြီး နိုင်းမြစ် အထက်ပိုင်းရှိ ပလော့ရေနံလုပ်ကွက်များသို့ ဦးတည်ပျံသန်းနေချိန်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ရုရှသတင်းအေဂျင်စီ အင်တာဖက်ဇ်က သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြရာတွင်မူ ကနဦးတွေ့ရှိချက်များအရ ရုရှလေကြောင်းလိုင်းပိုင် လေယာဉ်မဟုတ်ကြောင်း ညွှန်ပြနေသည်ဟု ဆိုသည်။

ရဲအရာရှိတစ်ဦးက ရိုက်တာသို့ ပြောကြားချက်အရ အနည်းဆုံး လူ ၄၁ဦး သေဆုံးခဲ့ရပြီး သေဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်လာဖွယ်ရာရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly