ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၁၇ ဦးကို မြိတ်မြို့နယ်တရားရုံးက ဒဏ်ငွေ ငါးသောင်းချမှတ်

ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၁၇ ဦးကို မြိတ်မြို့နယ်တရားရုံးက ဒဏ်ငွေ ငါးသောင်းချမှတ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၂၈)

မြိတ်မြို့တွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သူ ၁၇ဦး အား မြိတ်မြို့နယ်တရားရုံးက ဒဏ်ငွေ ငါးသောင်းကျပ်ချမှတ် ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

အဆိုပါ ညအမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်သူများကို မြိတ်မြို့နယ်တရားရုံးက ဒေသန္တရအမိန့်၊ပုဒ်မ-၁၈၈ အရ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလို ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် မြိတ်မှာ ပြည်သူတွေ စည်းကမ်းလိုက်နာသူရှိသလို တချို့ကတော့ လိုက်နာမှု အားနည်းနေတာ ရှိတယ်”ဟု မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်မြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်အမိန့်ကို ဧပြီလ ၁၈ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆေးရုံတက် ကျန်းမာရေးကိစ္စမှလွှဲ၍ မည်သူမှ အပြင်ထွက်ခွင့် ခွင့်ပြုထားခြင်းမ ရှိကြောင်း သိရသည်။

အဆိုပါ ညမထွက်ရအမိန့်နှင့်ပတ်သက်၍  မြိတ်မြို့တွင် ညစဉ်     မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မြို့တွင်း၊မြို့ပြင် လှည့်ကင်းစစ်ဆေးခြင်းများပြုလုပ်သည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း လုံခြုံရေးဆောင်ရွက် မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ညမထွက်ရအမိန့်အားဖောက်ဖျက်ကျူးလွန်သူများကို ဒေသန္တရအမိန့်၊ပုဒ်မ-၁၈၈ အရ ဒဏ်ငွေ ၅၀၀၀၀ကျပ် ဖြစ်စေ၊ထောင်ဒဏ် ၇ ရက်မှ ၆ လ အထိ  (သို့မဟုတ်) ပြစ်ဒဏ် ၂ ခုစလုံး ကျခံနိုင်ကြောင်း သိရသည်။

ဒီမိုးသွေး (မြိတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required