ဘန်ကောက်တွင် မြန်မာအိမ်အကူအမျိုးသမီး တိုက်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်

ဘန်ကောက်တွင် မြန်မာအိမ်အကူအမျိုးသမီး တိုက်ပေါ်မှ ခုန်ချသတ်သေမှုဖြစ်
( ဓာတ်ပုံ -   siamrath.co.th)

၂၇ ရက်နေ့ ဧပြီလ ၂၀၂၀

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၅၃ နှစ်အရွယ် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦး တိုက်ပေါ် က ခုန်ချသတ်သေမှုဖြစ်ပွားခဲ့ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသော ထိုင်းရတ်သတင်းစာအရ သိရသည်။

ထိုင်းရဲများက စစ်ဆေးချက်အရ  အိမ်အမှတ် ၁၇၀ ၊ On Nut  လမ်း ၄၀ ၊ Suan Luang  လေးထပ်တိုက်နေအိမ် ၏ နှစ်ထပ်အမြင့်မှ ယမန်နေ့က ခုန်ချသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

" သူဟာ လွန်ခဲ့တဲ့ သုံး ရက် လောက်က စိတ်ဓာတ်ကျပြီး ဘယ်သူနဲ့မှ စကား မပြောတာ ဖြစ်တယ်" ဟု ထိုင်းရဲကို ကိုးကား၍ သတင်းစာက ရေးသားထားသည်။
 
သေဆုံးသွားသူကို လူမှု့ကူ ညီရေး အဖွဲ့အစည်းများမှ တဆင့် ကျူးလာလောင်းကွန် ( Chulalongkorn ) ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required