Facebook ပေါ်တွင် live လွှင့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည့် ထိုင်းအမျိုးသား

Facebook ပေါ်တွင် live လွှင့်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည့် ထိုင်းအမျိုးသား

ဧပြီ ၂၆

ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်ရှိ အမျိုးသားတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့သည်ဟု သိရပြီး ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပုံကို facebook ပေါ်တွင် live လွှင့်သွားခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ အမျိုးသား facebook ပေါ်တွင် တိုက်ရိုက် live လွှင့်ရင်း အဆုံးစီရင်ခဲ့ချိန် နိုင်ငံတွင် ညမထွက်ရကာဖျူးအမိန့်တစ်ရပ်ကြောင့် ၎င်း၏ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများကလည်း ၎င်းထံ အပြေးသွားကာ တားဆီးနိုင်ရန် မတတ်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

ယင်းဖြစ်စဉ်သည် ဧပြီ ၂၄ ရက် ညပိုင်းက ဖြစ်ပွားသွားခဲ့ခြင်း ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် အဆိုပါ အသက် ၃၂ နှစ်အရွယ် အမျိုးသား Aekaphong ၏ မိခင်ဖြစ်သူက ဝမ်းနည်းပက်လက်ပြောကြားရာတွင် အခင်းဖြစ်ချိန်တွင် အားလုံးက ဝိုင်းတားရန် ကြိုးပမ်းခဲ့ကြကြောင်း၊ သို့သော် ယင်းဖြစ်ရပ်က ညဉ့်နက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ကာဖျူးကြောင့် မည်သူကမှ အိမ်ထဲကနေ မထွက်ရဲခဲ့ကြကြောင်း ပြောသွားခဲ့သည်။

သူမ၏ သားဖြစ်သူသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ထားခဲ့ပြီးနောက် အလွန်တရား စိတ်ဖိစီးနေခဲ့ကြောင်း မိခင်ဖြစ်သူက ပြောသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံသားများ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် ဖြစ်စဉ် အများအပြားကို ပေါ်ပေါက်ထားစေခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly