ဘာလင်၊ နိုဝင်ဘာ ၄ ။ ။ ယခုနှစ် ယခုအချိန်အထိ ရွှေ့ပြောင်းအခြေချသူများသည် အီးယူနိုင်ငံများသို့ တရားမဝင် ဝင်ရောက်မှု ၈၀၀,၀၀၀ ခန့်ရှိကြောင်း အီးယူ၏ နယ်စပ်ရေးရာအေဂျင်စီ Frontex၏ အကြီးအကဲက Bild နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး ယင်းအင်တာဗျူးအား နိုဝင်ဘာ ၄က ထုတ်ဝေခဲ့သော ၎င်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ရွှေ့ပြောင်းအခြေသူများ စီးဝင်မှုတွင် ယခုပမာဏက အမြင့်ဆုံးမဖြစ်နိုင်သေးကြောင်းလည်း Frontex၏ အမှုဆောင်ညွှန်ကြားရေးမှူး ဖက်ဘရစ်လက်ဂေရီက ပြောသည်။
မအောင်မြင်သော ခိုလှုံခွင့်ရရန်ကြိုးပမ်းသူများကို မူရင်းနိုင်ငံသို့ ပြန်ပို့နိုင်ရေးအတွက် ထိန်းသိမ်းထားရန် ဥရောပနိုင်ငံများကို ၎င်းက တောင်းဆိုခဲ့သည်။